Quran Apps in many lanuages:

Surah Hud Ayahs #117 Translated in Burmese

وَلَا تَرْكَنُوا إِلَى الَّذِينَ ظَلَمُوا فَتَمَسَّكُمُ النَّارُ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ثُمَّ لَا تُنْصَرُونَ
ထိုမှတစ်ပါး အသင်တို့သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)ညှဉ်းပန်းနှိပ်စက်ကြကုန်သော သူတို့အပေါ် ဝယ် ယုံကြည်စိတ်ချအားထားခြင်း မပြုကြကုန်လင့်။ သို့(ယုံကြည်စိတ်ချအားထားကြ)ပါလျှင် အသင်တို့၌ ငရဲမီး(ဘေး)သည် ထိရောက်ပေမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ အဆွေခင်ပွန်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် ကူညီမှိုင်းမခြင်းကိုလည်း ခံကြရမည်မဟုတ်ပေတကား။
وَأَقِمِ الصَّلَاةَ طَرَفَيِ النَّهَارِ وَزُلَفًا مِنَ اللَّيْلِ ۚ إِنَّ الْحَسَنَاتِ يُذْهِبْنَ السَّيِّئَاتِ ۚ ذَٰلِكَ ذِكْرَىٰ لِلذَّاكِرِينَ
၎င်းပြင် အသင်သည် ဆွလာတ်ဝတ်ပြုမှုကိုနေ့၏နှစ်ဖက်အစွန်း၌လည်းကောင်း၊ ည၏အစိတ်အပိုင်းများ၌လည်းကောင်း၊ ဆောက်တည်ပါလေ။ (မလွဲဧကန် ကောင်းမှုသုစရိုက်များသည် မကောင်းမှုဒုစရိုက်များကို ပပျောက်စေကုန်၏။) ဤကား ဆုံးမဩဝါဒကို နာခံသူများအဖို့ ဆုံးမဩဝါဒပင် ဖြစ်ချေသတည်း။
وَاصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ထို့ပြင် အသင်သည် သည်းခံပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုကုန်သော သူတော်စင်တို့၏အကျိုးကို အချည်းနှီး ဆုံးရှုံး စေတော်မူသည်မဟုတ်ပေ။
فَلَوْلَا كَانَ مِنَ الْقُرُونِ مِنْ قَبْلِكُمْ أُولُو بَقِيَّةٍ يَنْهَوْنَ عَنِ الْفَسَادِ فِي الْأَرْضِ إِلَّا قَلِيلًا مِمَّنْ أَنْجَيْنَا مِنْهُمْ ۗ وَاتَّبَعَ الَّذِينَ ظَلَمُوا مَا أُتْرِفُوا فِيهِ وَكَانُوا مُجْرِمِينَ
သို့ပါ၍ အသင်တို့ အလျင်ရှိခဲ့ဘူးကြသော သာသနာဝင် လူစုတို့တွင် ငါအရှင်မြတ်သည် ထို သာသနာဝင်လူစုအနက်မှ ကယ်ဆယ်တော်မူခဲ့သော အနည်းငယ်မျှသောသူတို့မှတစ်ပါး ကမ္ဘာမြေပေါ်၌ ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်းမှ တားမြစ်ကြမည့် ဉာဏ်အမြော်အမြင်ရှိသူများအဘယ်ကြောင့် မရှိခဲ့ကြဘိသနည်း။ ထို့ပြင်(မိမိတို့ကိုယ်ကိုမိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းကြကုန်သော သူတို့မူကား ၎င်းတို့ပျော် ပိုက်စေခြင်းခံကြရသောစည်းစိမ်များ၌ ပျော်မွေ့လျက်ရှိ ထိုစည်းစိမ်များ၏နောက်သို့ပင် လိုက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် ပြစ်မှု ကျူးလွန်လေ့ရှိသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
وَمَا كَانَ رَبُّكَ لِيُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا مُصْلِحُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် မြို့ရွာများကို ထိုမြို့ရွာ သူမြို့ရွာသားများသည် လူကောင်းများ ဖြစ်နေကြပါလျက် အဓမ္မ အလျဉ်းဖျက်ဆီးတော်မူသည် မဟုတ်ပေ။

Choose other languages: