Quran Apps in many lanuages:

Surah Hud Ayahs #120 Translated in Burmese

فَلَوْلَا كَانَ مِنَ الْقُرُونِ مِنْ قَبْلِكُمْ أُولُو بَقِيَّةٍ يَنْهَوْنَ عَنِ الْفَسَادِ فِي الْأَرْضِ إِلَّا قَلِيلًا مِمَّنْ أَنْجَيْنَا مِنْهُمْ ۗ وَاتَّبَعَ الَّذِينَ ظَلَمُوا مَا أُتْرِفُوا فِيهِ وَكَانُوا مُجْرِمِينَ
သို့ပါ၍ အသင်တို့ အလျင်ရှိခဲ့ဘူးကြသော သာသနာဝင် လူစုတို့တွင် ငါအရှင်မြတ်သည် ထို သာသနာဝင်လူစုအနက်မှ ကယ်ဆယ်တော်မူခဲ့သော အနည်းငယ်မျှသောသူတို့မှတစ်ပါး ကမ္ဘာမြေပေါ်၌ ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်းမှ တားမြစ်ကြမည့် ဉာဏ်အမြော်အမြင်ရှိသူများအဘယ်ကြောင့် မရှိခဲ့ကြဘိသနည်း။ ထို့ပြင်(မိမိတို့ကိုယ်ကိုမိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းကြကုန်သော သူတို့မူကား ၎င်းတို့ပျော် ပိုက်စေခြင်းခံကြရသောစည်းစိမ်များ၌ ပျော်မွေ့လျက်ရှိ ထိုစည်းစိမ်များ၏နောက်သို့ပင် လိုက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် ပြစ်မှု ကျူးလွန်လေ့ရှိသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
وَمَا كَانَ رَبُّكَ لِيُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا مُصْلِحُونَ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် မြို့ရွာများကို ထိုမြို့ရွာ သူမြို့ရွာသားများသည် လူကောင်းများ ဖြစ်နေကြပါလျက် အဓမ္မ အလျဉ်းဖျက်ဆီးတော်မူသည် မဟုတ်ပေ။
وَلَوْ شَاءَ رَبُّكَ لَجَعَلَ النَّاسَ أُمَّةً وَاحِدَةً ۖ وَلَا يَزَالُونَ مُخْتَلِفِينَ
အမှန်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူခပ်သိမ်းတို့အား သာသနာဝင် တစ်ခုတည်းသော လူစုသာ ပြုလုပ်တော်မူခဲ့အံ့။ သို့ရာတွင် ၎င်းတို့သည် သဘောကွဲလွဲသူများအဖြစ် အမြဲထာဝစဉ် ရှိနေကြမည်သာတည်း။
إِلَّا مَنْ رَحِمَ رَبُّكَ ۚ وَلِذَٰلِكَ خَلَقَهُمْ ۗ وَتَمَّتْ كَلِمَةُ رَبِّكَ لَأَمْلَأَنَّ جَهَنَّمَ مِنَ الْجِنَّةِ وَالنَّاسِ أَجْمَعِينَ
အသင်၏ အရှင်မြတ်က ကရုဏာပြုတော်မူသော သူတို့မှတစ်ပါး စင်စစ်မှာမူကား ထိုအရှင် မြတ်သည်ဤသည့်အတွက်ကြောင့်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်(န်)သတ္တဝါများနှင့် လူများအားလုံးဖြင့် ပြည့်နှက်စေတော်မူမည်ဟူသော အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏စကားတော်လည်း ဆုံးခန်းတိုင် ရောက်ခဲ့လေပြီ။
وَكُلًّا نَقُصُّ عَلَيْكَ مِنْ أَنْبَاءِ الرُّسُلِ مَا نُثَبِّتُ بِهِ فُؤَادَكَ ۚ وَجَاءَكَ فِي هَٰذِهِ الْحَقُّ وَمَوْعِظَةٌ وَذِكْرَىٰ لِلْمُؤْمِنِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်များ၏ အကြောင်းသတင်းများအနက်မှ အကြင်အကြောင်းသတင်း အလုံးစုံကို အသင်အား ပြောကြားတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကြောင်း သတင်းများဖြင့်အသင်စိတ်နှလုံးကို မြဲမြံကြံ့ခိုင် စေတော်မူ၏။ ၎င်းပြင် ဤကဏ္ဍတွင် အမှန်တရားလည်း အသင့်ထံ ရောက်ရှိလာခဲ့လေပြီ။ထိုနည်းတူစွာ (ဤအကြောင်းသတင်းများတွင်) မုအ်မင်(န်)သက်ဝင်ယုံကြည် သူတို့အဖို့ ဆုံးမဩဝါဒသည်လည်းကောင်း၊သတိပေး နှိုးဆော်ချက်သည်လည်းကောင်း၊ ရှိပေသတည်း။

Choose other languages: