Quran Apps in many lanuages:

Surah Hud Ayahs #108 Translated in Burmese

وَمَا نُؤَخِّرُهُ إِلَّا لِأَجَلٍ مَعْدُودٍ
စင်စစ်မူကား ငါအရှင်မြတ်သည် ထိုနေ့ရက်ကိုရေတွက်ပြီးဖြစ်သောအချိန်ကာလတိုင်မျှသာလျှင်ရွှေ့ဆိုင်းထား တော်မူလေသည်။
يَوْمَ يَأْتِ لَا تَكَلَّمُ نَفْسٌ إِلَّا بِإِذْنِهِ ۚ فَمِنْهُمْ شَقِيٌّ وَسَعِيدٌ
ထိုနေ့သည် ဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရဘဲ မည်သူတစ်ဦး တစ်ယောက်မျှပင် စကားပြောဆိုနိုင်မည်မဟုတ်ပေ။ တစ်ဖန် ထိုသူတို့အနက်အချို့မှာ အကြောင်းမလှသူများ ဖြစ်ကြပေအံ့။ အချို့မှာမူကားအကြောင်းလှသူများပင် ဖြစ်ကြလတ္တံ့။
فَأَمَّا الَّذِينَ شَقُوا فَفِي النَّارِ لَهُمْ فِيهَا زَفِيرٌ وَشَهِيقٌ
သို့ဖြစ်ပေရာ အကြောင်းမရှိလှသော သူတို့ သည်ဂျဟန္နမ်ငရဲဘုံ၌ ရှိကြပေမည်။ ၎င်းတို့၌ ထိုဂျဟန္နမ်ဘုံတွင်ဟစ်အော်ခြင်းနှင့် ညည်းတွားခြင်းများပင် ရှိကြပေမည်။
خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۚ إِنَّ رَبَّكَ فَعَّالٌ لِمَا يُرِيدُ
(င်းတို့သည်)မိုးကောင်းများနှင့် ပထဝီမြေတည်နေသမျှကာလပတ်လုံး ထိုငရဲဘုံတွင် အသင် ၏အရှင်မြတ်အလိုရှိတော်မူသည်မှတပါး ထာဝစဉ်နေထိုင်သူများအဖြစ် ရှိကြပေမည်။ ဧကန်စင်စစ် အသင်၏အရှင်မြတ်သည် မိမိကြံရွယ်တော်မူသောကိစ္စကို အပြီးအစီး ပြုလုပ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَأَمَّا الَّذِينَ سُعِدُوا فَفِي الْجَنَّةِ خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۖ عَطَاءً غَيْرَ مَجْذُوذٍ
သို့ရာတွင် အကြောင်းလှသောသူတို့မှာမူကားဂျန္နတ်အမတသုခဘုံ၌ ရှိကြပေမည်။ (၎င်းတို့သည်) မိုးကောင်းကင်များနှင့်ပထဝီမြေသည် တည်ရှိနေသမျှကာလပတ်လုံး ထိုဂျန္နတ်အမတသုခဘုံတွင် အသင်၏အရှင်မြတ် အလိုတော်ရှိတော်မူခဲ့သည်မှတစ်ပါး ထာဝစဉ်နေထိုင်သူများအဖြစ် စံမြန်းကြပေမည်။ (ဤဆုကျေးဇူး) ချီးမြှင့်တော်မူခြင်းကား အဆက်မပြတ် ချီးမြှင့်တော်မူခြင်းပင်တည်း။

Choose other languages: