Quran Apps in many lanuages:

Surah Hud Ayahs #107 Translated in Burmese

إِنَّ فِي ذَٰلِكَ لَآيَةً لِمَنْ خَافَ عَذَابَ الْآخِرَةِ ۚ ذَٰلِكَ يَوْمٌ مَجْمُوعٌ لَهُ النَّاسُ وَذَٰلِكَ يَوْمٌ مَشْهُودٌ
ဧကန်မလွဲ ဤသည့်(အဖြစ်အပျက်)တို့တွင်နောင်တမလွန်ဘဝ၏ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ် သောသူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာရှိပေသည်။ ထိုနေ့သည်ကားလူခပ်သိမ်းတို့ စုရုံးခြင်းခံကြရပေမည်။ ထိုနေ့သည်ကား(လူခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင်)အသင့် ရောက်ရှိစေခြင်းခံကြရမည့်နေ့ပင်ဖြစ်ချေသတည်း။
وَمَا نُؤَخِّرُهُ إِلَّا لِأَجَلٍ مَعْدُودٍ
စင်စစ်မူကား ငါအရှင်မြတ်သည် ထိုနေ့ရက်ကိုရေတွက်ပြီးဖြစ်သောအချိန်ကာလတိုင်မျှသာလျှင်ရွှေ့ဆိုင်းထား တော်မူလေသည်။
يَوْمَ يَأْتِ لَا تَكَلَّمُ نَفْسٌ إِلَّا بِإِذْنِهِ ۚ فَمِنْهُمْ شَقِيٌّ وَسَعِيدٌ
ထိုနေ့သည် ဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရဘဲ မည်သူတစ်ဦး တစ်ယောက်မျှပင် စကားပြောဆိုနိုင်မည်မဟုတ်ပေ။ တစ်ဖန် ထိုသူတို့အနက်အချို့မှာ အကြောင်းမလှသူများ ဖြစ်ကြပေအံ့။ အချို့မှာမူကားအကြောင်းလှသူများပင် ဖြစ်ကြလတ္တံ့။
فَأَمَّا الَّذِينَ شَقُوا فَفِي النَّارِ لَهُمْ فِيهَا زَفِيرٌ وَشَهِيقٌ
သို့ဖြစ်ပေရာ အကြောင်းမရှိလှသော သူတို့ သည်ဂျဟန္နမ်ငရဲဘုံ၌ ရှိကြပေမည်။ ၎င်းတို့၌ ထိုဂျဟန္နမ်ဘုံတွင်ဟစ်အော်ခြင်းနှင့် ညည်းတွားခြင်းများပင် ရှိကြပေမည်။
خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۚ إِنَّ رَبَّكَ فَعَّالٌ لِمَا يُرِيدُ
(င်းတို့သည်)မိုးကောင်းများနှင့် ပထဝီမြေတည်နေသမျှကာလပတ်လုံး ထိုငရဲဘုံတွင် အသင် ၏အရှင်မြတ်အလိုရှိတော်မူသည်မှတပါး ထာဝစဉ်နေထိုင်သူများအဖြစ် ရှိကြပေမည်။ ဧကန်စင်စစ် အသင်၏အရှင်မြတ်သည် မိမိကြံရွယ်တော်မူသောကိစ္စကို အပြီးအစီး ပြုလုပ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: