Quran Apps in many lanuages:

Surah Ghafir Ayahs #47 Translated in Burmese

لَا جَرَمَ أَنَّمَا تَدْعُونَنِي إِلَيْهِ لَيْسَ لَهُ دَعْوَةٌ فِي الدُّنْيَا وَلَا فِي الْآخِرَةِ وَأَنَّ مَرَدَّنَا إِلَى اللَّهِ وَأَنَّ الْمُسْرِفِينَ هُمْ أَصْحَابُ النَّارِ
မချွတ်မလွဲ ကျွန်ုပ်အား၊ အသင်တို့ ဖိတ်ခေါ်နေသောအရာသည် ဤပစ္စုပ္ပန်လောက၌လည်း ဟစ်ခေါ် တသရန် မထိုက်ပေ။ အာခိရတ်တမလွန်ဘဝ၌လည်း ဟစ်ခေါ်တသရန် မထိုက်ပေ။ ထို့ပြင် ကျွန်ုပ်တို့ သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်ကြရပေမည်။ ထိုမှတစ်ပါး စည်းကမ်းကျူးလွန်သောသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။
فَسَتَذْكُرُونَ مَا أَقُولُ لَكُمْ ۚ وَأُفَوِّضُ أَمْرِي إِلَى اللَّهِ ۚ إِنَّ اللَّهَ بَصِيرٌ بِالْعِبَادِ
စင်စစ်သော်ကား မကြာမြင့်မီ အသင်တို့သည် ကျွန်ုပ်တို့ အသင်တို့အား ပြောဆိုသောစကားများကို ပြန်လည်၍ သတိရရှိကြပေမည်။ ထို့ပြင် ကျွန်ုပ်မူကား မိမိအရေးကိစ္စကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်လိုက်ပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်တို့အား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
فَوَقَاهُ اللَّهُ سَيِّئَاتِ مَا مَكَرُوا ۖ وَحَاقَ بِآلِ فِرْعَوْنَ سُوءُ الْعَذَابِ
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထို ("မုအ်မင်န်") သက်ဝင်ယုံကြည်သူအား ၎င်းတို့ ကြံစည်ခဲ့ကြကုန်သော အကြံအစည်၏ဘေးအန္တရာယ်တို့မှ ဖယ်ရှားပေးတော်မူခဲ့၏။သို့ရာတွင် ‘ဖစ်ရ်အောင်န်’၏ ခြွေရံသင်းပင်တို့ကိုမူကား ဆိုးယုတ်သော ပြစ်ဒဏ်သည် ဝန်းဝိုင်းခဲ့ပေသည်။
النَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّا وَعَشِيًّا ۖ وَيَوْمَ تَقُومُ السَّاعَةُ أَدْخِلُوا آلَ فِرْعَوْنَ أَشَدَّ الْعَذَابِ
ထိုသူတို့မှာ နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ငရဲမီး၏ရှေ့ဝယ် ထုတ်ဆောင်ပြသခြင်းကို ခံကြရကုန်၏။ ထိုမှတစ်ပါး ကိယာမတ်အချိန် ဆိုက်ရောက်၍လာသောနေ့၌မူကား၊ အသင်တို့သည် "ဖစ်ရ်အောင်န်"၏ ခြွေရံသင်းပင်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တွင် ဝင်ရောက်စေကြလေကုန်(ဟု အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ်"ကောင်းကင်တမန်တို့အား မိန့်တော်မူအံ့သတည်း။)
وَإِذْ يَتَحَاجُّونَ فِي النَّارِ فَيَقُولُ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنْتُمْ مُغْنُونَ عَنَّا نَصِيبًا مِنَ النَّارِ
ထို့ပြင် ပြန်လည်သတိရပါလေ။ ၎င်းတို့သည် ငရဲမီး၌ အငြင်းအခုံပြုလုပ်ကြသောအခါဝယ် အောက်လက်ငယ်သားတို့က အကြီးအကဲတို့အား "ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏ နောက်လိုက်များပင် ဖြစ်ခဲ့ကြပေရာ၊ အသင်တို့သည် ကျွန်ုပ်တို့မှ ငရဲမီးတစ်စိတ်တစ်ဒေသကို ဖယ်ရှားပေးနိုင်ကြလေသလော" ဟုပြောဆိုကြပေမည်။

Choose other languages: