Quran Apps in many lanuages:

Surah Fatir Ayahs #9 Translated in Burmese

يَا أَيُّهَا النَّاسُ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا ۖ وَلَا يَغُرَّنَّكُمْ بِاللَّهِ الْغَرُورُ
အို-လူအပေါင်းတို့၊ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်ထားရှိတော်မူသောကတိသည် မှန်ကန်၏။ သို့ဖြစ်ပေရာလောကီဘဝ၌ အသက်ရှင်ခြင်းသည်လည်း အသင်တို့အားလှည့်ဖြားခြင်းမပြုစေရ၊ လှည့်စားသူ ရှိုင်တွာန်(မိစ္ဆာကောင်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရ။
إِنَّ الشَّيْطَانَ لَكُمْ عَدُوٌّ فَاتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُو حِزْبَهُ لِيَكُونُوا مِنْ أَصْحَابِ السَّعِيرِ
မလွဲဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် အသင်တို့၏ရန်သူပင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်အား (မိမိတို့၏) ရန်သူဟူ၍ပင်အသိအမှတ်ပြုကြလေကုန်။ (စင်စစ် သော်ကား) ထို ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် မိမိဘက်သားများအား (ငရဲဘုံ၏)မီးတောက်မီးလျှံ၌ လားကြရသူတို့တွင် အပါအဝင်ဖြစ်ကြစေရန်သာလျှင် ဖိတ်ခေါ်လေသတည်း။
الَّذِينَ كَفَرُوا لَهُمْ عَذَابٌ شَدِيدٌ ۖ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ
‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိချေသည်။ သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြ ကုန်သော သူတို့အဖို့မှာမူကားလွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည်လည်းကောင်း၊ ရှိပေသည်။
أَفَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ فَرَآهُ حَسَنًا ۖ فَإِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَاتٍ ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَصْنَعُونَ
သို့ဖြစ်ပေရာ အသို့ပါနည်း။ မိမိ၏ မကောင်းမှုများသည် မိမိအမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသောကြောင့် ယင်းမကောင်းသောကျင့်မူများကိုအကောင်းဟူ၍ ထင်မြင်လာသောသူသည် အမှားကို အမှန်ဟုထင်မြင်သောသူနှင့်တူလေသည်။ စင်စစ်မှာကား ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားလမ်းမှား၌ ထားတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်၏အသက်ဇီဝိန်သည် ၎င်းတို့နှင့်ပတ်သက်၍ဆွေးကာတွေးကာ မဆုံးပါးစေရ။ ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှ တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَاللَّهُ الَّذِي أَرْسَلَ الرِّيَاحَ فَتُثِيرُ سَحَابًا فَسُقْنَاهُ إِلَىٰ بَلَدٍ مَيِّتٍ فَأَحْيَيْنَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ النُّشُورُ
စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် လေများကို စေလွှတ်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့နောက်ယင်းလေများသည် မိုးတိမ်များကို သယ်ဆောင်၍ သွားကြလေ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်များကို(သွေ့ခြောက်)သေလျက်ရှိသော နယ်မြေဒေသများသို့ မောင်းနှင်တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(မိုးတိမ်များမှရွာသွန်းသော)ရေဖြင့် (သွေ့ခြောက်)သေနေသောမြေကိုပြန်လည် စိမ်းလန်းစိုပြည်စေတော်မူ၏။ ရှင်ပြန်ထခြင်းသည်လည်း ဤနည်းအတိုင်းပင် ဖြစ်ချေသည်။

Choose other languages: