Quran Apps in many lanuages:

Surah Az-Zamar Ayahs #36 Translated in Burmese

فَمَنْ أَظْلَمُ مِمَّنْ كَذَبَ عَلَى اللَّهِ وَكَذَّبَ بِالصِّدْقِ إِذْ جَاءَهُ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِلْكَافِرِينَ
စင်စစ်သော်ကား အကြင်သူထက်ပို၍ မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားစကားကို ပြောဆိုခဲ့၏။ ထိုမှတစ်ပါး အမှန်တရားသည် ၎င်း၏ထံသို့ ရောက်ရှိ၍ လာလေသောအခါ ၎င်းသည် ယင်းအမှန်တရားကို မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့၏။ထို(ကဲ့သို့သော) "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့၏နေရာထိုင်ခင်းမှာ "ဂျဟန္နမ်" ငရဲဘုံ၌ပင် ရှိသည်မဟုတ်လော။
وَالَّذِي جَاءَ بِالصِّدْقِ وَصَدَّقَ بِهِ ۙ أُولَٰئِكَ هُمُ الْمُتَّقُونَ
သို့ရာတွင် အကြင်သူသည် အမှန်တရားကို ဆောင်ယူခဲ့၏။ ထိုမှတစ်ပါး ယင်းအမှန်တရားကို ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့၏။ ထိုသူတို့ ပင်လျှင် "မွတ္တကီ"ပြစ်မှုများမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်များဖြစ်ကြကုန်၏။
لَهُمْ مَا يَشَاءُونَ عِنْدَ رَبِّهِمْ ۚ ذَٰلِكَ جَزَاءُ الْمُحْسِنِينَ
၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ၎င်းတို့ အလိုရှိသမျှတို့သည် ရှိကြကုန်၏။ ဤသည်ကား အကောင်းပြုသူတို့၏ အကျိုးပင်။
لِيُكَفِّرَ اللَّهُ عَنْهُمْ أَسْوَأَ الَّذِي عَمِلُوا وَيَجْزِيَهُمْ أَجْرَهُمْ بِأَحْسَنِ الَّذِي كَانُوا يَعْمَلُونَ
နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့မှ ထိုသူတို့ ကျင့်မူခဲ့ကြသောအဆိုးများကို ပပျောက်စေသည့်ပြင်၊ ၎င်းတို့အား ၎င်းတို့ ကျင့်မူလေ့ ရှိခဲ့ကြသော အကောင်းများ၏အစားကို (အပြည့်အစုံ) ချီးမြှင့် ပေးသနားတော်မူအံ့နည်း။
أَلَيْسَ اللَّهُ بِكَافٍ عَبْدَهُ ۖ وَيُخَوِّفُونَكَ بِالَّذِينَ مِنْ دُونِهِ ۚ وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်(နဗီတမန်တော်မုဟမ္မဒ်)အဖို့ လုံလောက်တော်မူသည် မဟုတ်ပါလော။ သို့ဖြစ်လင့်ကစား(အို-နဗီတမန်တော်)၎င်းတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသော သူတို့အားဖြင့် ခြိမ်းခြောက်၍နေကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင် ရှိစေတော်မူပါလျှင် ထိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်အံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။

Choose other languages: