Quran Apps in many lanuages:

Surah Az-Zamar Ayahs #39 Translated in Burmese

لِيُكَفِّرَ اللَّهُ عَنْهُمْ أَسْوَأَ الَّذِي عَمِلُوا وَيَجْزِيَهُمْ أَجْرَهُمْ بِأَحْسَنِ الَّذِي كَانُوا يَعْمَلُونَ
နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့မှ ထိုသူတို့ ကျင့်မူခဲ့ကြသောအဆိုးများကို ပပျောက်စေသည့်ပြင်၊ ၎င်းတို့အား ၎င်းတို့ ကျင့်မူလေ့ ရှိခဲ့ကြသော အကောင်းများ၏အစားကို (အပြည့်အစုံ) ချီးမြှင့် ပေးသနားတော်မူအံ့နည်း။
أَلَيْسَ اللَّهُ بِكَافٍ عَبْدَهُ ۖ وَيُخَوِّفُونَكَ بِالَّذِينَ مِنْ دُونِهِ ۚ وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်(နဗီတမန်တော်မုဟမ္မဒ်)အဖို့ လုံလောက်တော်မူသည် မဟုတ်ပါလော။ သို့ဖြစ်လင့်ကစား(အို-နဗီတမန်တော်)၎င်းတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသော သူတို့အားဖြင့် ခြိမ်းခြောက်၍နေကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင် ရှိစေတော်မူပါလျှင် ထိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်အံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။
وَمَنْ يَهْدِ اللَّهُ فَمَا لَهُ مِنْ مُضِلٍّ ۗ أَلَيْسَ اللَّهُ بِعَزِيزٍ ذِي انْتِقَامٍ
ထိုနည်းတူစွာ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်သို့ ပို့ပေးတော်မူပါလျှင် ထိုသူအား လမ်းမှားစေအံ့သောသူဟူ၍ တစ်ဦး တစ်ယောက်မျှ မရှိတော့ပြီ။ အလ္လာဟ်အရှင်မြတ်သည် လွန်စွာနိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ လက်စားချေတော်မူသောအရှင်၊ ဖြစ်တော်မူသည် မဟုတ်ပါလော။
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ ۚ قُلْ أَفَرَأَيْتُمْ مَا تَدْعُونَ مِنْ دُونِ اللَّهِ إِنْ أَرَادَنِيَ اللَّهُ بِضُرٍّ هَلْ هُنَّ كَاشِفَاتُ ضُرِّهِ أَوْ أَرَادَنِي بِرَحْمَةٍ هَلْ هُنَّ مُمْسِكَاتُ رَحْمَتِهِ ۚ قُلْ حَسْبِيَ اللَّهُ ۖ عَلَيْهِ يَتَوَكَّلُ الْمُتَوَكِّلُونَ
စင်စစ်သော်ကား (အို-နဗီတမန်တော်) အသင်သည် အကယ်၍ ထိုသူတို့အား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မည်သူ ဖန်ဆင်းခဲ့သနည်းဟု မေးမြန်းခဲ့ပါမူ၊ မလွဲဧကန် ၎င်းတို့က အလ္လာဟ်အရှင်မြတ်(ဖန်ဆင်းတော်မူခဲ့သည်)ဟူ၍ပင် ပြော(ဆိုဖြေ)ကြားကြပေမည်။ အသင်သည် (၎င်းတို့အား ဤသို့)ပြောကြား ပါလေ။(အချင်းတို့) သို့ဖြစ်လျှင် အသင်တို့သည် (ငါ့အား)ပြောကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင် မြတ်သည် ငါ့အား တစ်စုံတစ်ရာ ဘေးဒုက္ခပေးလိုတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ ဟစ်ခေါ်တသလျက်ရှိကြသည်တို့က ထိုအရှင်မြတ် သက်ရောက်စေတော်မူသော ဘေးဒုက္ခကို ဖယ်ရှားပေးနိုင်ကြမည်လော။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ငါ့အား ကရုဏာတစ်စုံတစ်ရာပြုလိုတော်မူခဲ့ပါ လျှင် ၎င်းတို့သည် ထိုအရှင်မြတ်၏ ကရုဏာတော်ကို တားဆီးနိုင်ကြမည်လော။ (အို-နဗီတမန်တော်၊) အသင်သည် (၎င်းတို့အား)ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် ငါ၏အဖို့ လုံလောက်တော်မူ၏။ ယုံပုံလွှဲအပ်သူတို့သည် (မိမိတို့၏အမှုကိစ္စအဝဝတို့ကို) ထိုအရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ကြကုန်၏။
قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏(လက်ရှိ)အခြေအနေအတိုင်းပင် (ဆက်လက်၍) ကျင့်မူလျက် ရှိကြလေကုန်၊ ငါသည်လည်း (မိမိလက်ရှိအခြေအနေအတိုင်း)ကျင့်မူလျက်ပင် ရှိနေမည်။ မကြာမြင့်မီပင် အသင်တို့သည် သိရှိကြပေမည်။

Choose other languages: