Quran Apps in many lanuages:

Surah Az-Zamar Ayahs #34 Translated in Burmese

إِنَّكَ مَيِّتٌ وَإِنَّهُمْ مَيِّتُونَ
(အို-နဗီတမန်တော်) ဧကန်မလွဲ အသင်သည်လည်း သေဆုံးရအံ့သောသူဖြစ်၏။ ထိုနည်းတူစွာ ၎င်းတို့သည်လည်း ဧကန်အမှန် သေဆုံးကြရအံ့သော သူများပင်။
ثُمَّ إِنَّكُمْ يَوْمَ الْقِيَامَةِ عِنْدَ رَبِّكُمْ تَخْتَصِمُونَ
ထို့နောက် အသင်တို့သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်ဝယ် ဧကန်အမှန် အငြင်းအခုံ ပြုကြကုန်အံ့သတည်း။
فَمَنْ أَظْلَمُ مِمَّنْ كَذَبَ عَلَى اللَّهِ وَكَذَّبَ بِالصِّدْقِ إِذْ جَاءَهُ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِلْكَافِرِينَ
စင်စစ်သော်ကား အကြင်သူထက်ပို၍ မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားစကားကို ပြောဆိုခဲ့၏။ ထိုမှတစ်ပါး အမှန်တရားသည် ၎င်း၏ထံသို့ ရောက်ရှိ၍ လာလေသောအခါ ၎င်းသည် ယင်းအမှန်တရားကို မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့၏။ထို(ကဲ့သို့သော) "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့၏နေရာထိုင်ခင်းမှာ "ဂျဟန္နမ်" ငရဲဘုံ၌ပင် ရှိသည်မဟုတ်လော။
وَالَّذِي جَاءَ بِالصِّدْقِ وَصَدَّقَ بِهِ ۙ أُولَٰئِكَ هُمُ الْمُتَّقُونَ
သို့ရာတွင် အကြင်သူသည် အမှန်တရားကို ဆောင်ယူခဲ့၏။ ထိုမှတစ်ပါး ယင်းအမှန်တရားကို ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့၏။ ထိုသူတို့ ပင်လျှင် "မွတ္တကီ"ပြစ်မှုများမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်များဖြစ်ကြကုန်၏။
لَهُمْ مَا يَشَاءُونَ عِنْدَ رَبِّهِمْ ۚ ذَٰلِكَ جَزَاءُ الْمُحْسِنِينَ
၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ၎င်းတို့ အလိုရှိသမျှတို့သည် ရှိကြကုန်၏။ ဤသည်ကား အကောင်းပြုသူတို့၏ အကျိုးပင်။

Choose other languages: