Quran Apps in many lanuages:

Surah Az-Zamar Ayahs #31 Translated in Burmese

وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့အဖို့ ၎င်းတို့ တရားရကြအံ့သောငှာ အလုံးစုံသော ဥပမာပုံဆောင် ချက်များကို ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။
قُرْآنًا عَرَبِيًّا غَيْرَ ذِي عِوَجٍ لَعَلَّهُمْ يَتَّقُونَ
၎င်းတို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ကြအံ့သောငှာ (ငါအရှင်မြတ်သည်) စကားအသုံးအနှုန်း အဖွဲ့အနွဲ့ကောင်းသော၊ အကွေ့အကောက်ကင်းမဲ့သော ကုရ်အာန်ကျမ်းတော်မြတ် (ချပေးသနားတော်မူခဲ့၏)။
ضَرَبَ اللَّهُ مَثَلًا رَجُلًا فِيهِ شُرَكَاءُ مُتَشَاكِسُونَ وَرَجُلًا سَلَمًا لِرَجُلٍ هَلْ يَسْتَوِيَانِ مَثَلًا ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ ကျွန်ယောက်ျားတစ်ယောက်ရှိ၏။ ၎င်း၌ အချင်းချင်း သဘောကွဲလွဲ မသင့်မြတ်သော ဖက်စပ်ပါဝင်ပိုင်ဆိုင်သူများ(လည်း) ရှိကြကုန်၏။ ထိုမှတစ်ပါး အခြားကျွန်ယောက်ျားတစ်ယောက်မှာကား လုံးလုံးလျားလျား လူတစ်ဦးတည်းပိုင်ဖြစ်၏။ ထိုယောက်ျားနှစ်ဦးတို့မှာ အခြေအနေအားဖြင့် တူနိုင်ကြလေသလော။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာကား သိရှိကြသည်ဟုတ်ပေ။
إِنَّكَ مَيِّتٌ وَإِنَّهُمْ مَيِّتُونَ
(အို-နဗီတမန်တော်) ဧကန်မလွဲ အသင်သည်လည်း သေဆုံးရအံ့သောသူဖြစ်၏။ ထိုနည်းတူစွာ ၎င်းတို့သည်လည်း ဧကန်အမှန် သေဆုံးကြရအံ့သော သူများပင်။
ثُمَّ إِنَّكُمْ يَوْمَ الْقِيَامَةِ عِنْدَ رَبِّكُمْ تَخْتَصِمُونَ
ထို့နောက် အသင်တို့သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်ဝယ် ဧကန်အမှန် အငြင်းအခုံ ပြုကြကုန်အံ့သတည်း။

Choose other languages: