Quran Apps in many lanuages:

Surah Az-Zamar Ayahs #14 Translated in Burmese

قُلْ يَا عِبَادِ الَّذِينَ آمَنُوا اتَّقُوا رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۗ وَأَرْضُ اللَّهِ وَاسِعَةٌ ۗ إِنَّمَا يُوَفَّى الصَّابِرُونَ أَجْرَهُمْ بِغَيْرِ حِسَابٍ
(အို-နဗီတမန်တော်၊) အသင်သည် (တစ်ဆင့်)ပြောကြားပါလေ။ အို-ငါအရှင်မြတ်၏ သက်ဝင် ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဤမျက်မှောက်လောကီဘဝတွင် မကောင်းမှုပြုလုပ်ခဲ့ကြသော သူတို့အဖို့ ကောင်းမြတ်သောအကျိုးရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေသည်လည်း ကျယ်ဝန်းလှ၏။ စွဲမြဲကြံ့ခိုင်စွာရှိကြသော သူတို့သည်သာလျှင် မိမိတို့၏အကျိုးကို အသင်္ချေအသင်္ချာ ပေးဆပ်ခြင်းခံကြရပေမည်။
قُلْ إِنِّي أُمِرْتُ أَنْ أَعْبُدَ اللَّهَ مُخْلِصًا لَهُ الدِّينَ
(အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊ ဧကန်စင်စစ် ကျွန်ုပ်သည် သက်သက် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သဒ္ဓါဖြူစင်စေလျက် ထိုအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်း ခံရသည်။
وَأُمِرْتُ لِأَنْ أَكُونَ أَوَّلَ الْمُسْلِمِينَ
ထိုမှတစ်ပါး ကျွန်ုပ်သည် အဦးဆုံးမွတ်စ်လင်မ် ဖြစ်ရန်လည်း အမိန့်ပေးတော်မူခြင်း ခံရသည်။
قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို ဖီဆန်ခဲ့သည်ရှိသော်၊ အမှန်ပင် ငါသည် ကြီးကျယ်လှသော ("ကိယာမတ်" ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်သည်။
قُلِ اللَّهَ أَعْبُدُ مُخْلِصًا لَهُ دِينِي
(အို-နဗီတမန်တော်)၊ အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် အလ္လာဟ်အရှင်မြတ်အားသာလျှင် မိမိဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်မြတ်အဖို့ စေတနာဖြူစင်စွာ ဆည်းကပ်ကိုးကွယ်သည်။

Choose other languages: