Quran Apps in many lanuages:

Surah Az-Zamar Ayahs #16 Translated in Burmese

وَأُمِرْتُ لِأَنْ أَكُونَ أَوَّلَ الْمُسْلِمِينَ
ထိုမှတစ်ပါး ကျွန်ုပ်သည် အဦးဆုံးမွတ်စ်လင်မ် ဖြစ်ရန်လည်း အမိန့်ပေးတော်မူခြင်း ခံရသည်။
قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို ဖီဆန်ခဲ့သည်ရှိသော်၊ အမှန်ပင် ငါသည် ကြီးကျယ်လှသော ("ကိယာမတ်" ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်သည်။
قُلِ اللَّهَ أَعْبُدُ مُخْلِصًا لَهُ دِينِي
(အို-နဗီတမန်တော်)၊ အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် အလ္လာဟ်အရှင်မြတ်အားသာလျှင် မိမိဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်မြတ်အဖို့ စေတနာဖြူစင်စွာ ဆည်းကပ်ကိုးကွယ်သည်။
فَاعْبُدُوا مَا شِئْتُمْ مِنْ دُونِهِ ۗ قُلْ إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنْفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا ذَٰلِكَ هُوَ الْخُسْرَانُ الْمُبِينُ
သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား စွန့်လွှတ်၍ မိမိတို့အလိုရှိရာကို ဆည်းကပ်ကိုးကွယ် ကြလေကုန်။ ဧကန်မလွဲ မိမိတို့ကိုယ်တိုင်နှင့် ပတ်သက်၍လည်းကောင်း၊(မိမိတို့အိမ်သူအိမ်သားများနှင့် ပတ်သက်၍လည်းကောင်း၊) "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆုံးရှုံးကြသောသူတို့သည် သာလျှင်(လုံးဝ)ဆုံးရှုံးသူများ ဖြစ်ကြကုန်၏။ သတိပြုကြလေကုန်။ ဤသည်သာလျှင် ထင်ရှားလှစွာသော ဆုံးရှုံးမှုပင်။
لَهُمْ مِنْ فَوْقِهِمْ ظُلَلٌ مِنَ النَّارِ وَمِنْ تَحْتِهِمْ ظُلَلٌ ۚ ذَٰلِكَ يُخَوِّفُ اللَّهُ بِهِ عِبَادَهُ ۚ يَا عِبَادِ فَاتَّقُونِ
၎င်းတို့သည် ၎င်းတို့၏အထက်တွင်လည်း မီးဖြင့်ပြီးသော အမိုးများရှိကြပေမည်။ ၎င်းတို့၏ အောက်တွင်လည်း(မီးဖြင့်ပြီးသော) အခင်းများရှိကြပေမည်။ ဤသည် အကြင်(ပြစ်ဒဏ်)ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ပြစ်ဒဏ်ကို ကြောက်ရွံ့စေတော်မူ၏။ သို့ဖြစ်ပေရာ အို-ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။

Choose other languages: