Quran Apps in many lanuages:

Surah At-Tawba Ayahs #101 Translated in Burmese

الْأَعْرَابُ أَشَدُّ كُفْرًا وَنِفَاقًا وَأَجْدَرُ أَلَّا يَعْلَمُوا حُدُودَ مَا أَنْزَلَ اللَّهُ عَلَىٰ رَسُولِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသား(မုနာဖစ်က်)များသည် ကုဖ်ရ် သွေဖည် ငြင်းပယ်မှုတွင်လည်းကောင်း၊ နိဖာက် အယောင် ဆောင်မှုတွင်လည်းကောင်း၊ ပိုမို၍ပင် ပြင်းထန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်မြတ်အပေါ်၌ချပေးသနားတော်မူသော အမိန့်ပညတ်တော်များကို ပို၍ပင်မသိထိုက်ကြသူများဖြစ်ကြ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَمِنَ الْأَعْرَابِ مَنْ يَتَّخِذُ مَا يُنْفِقُ مَغْرَمًا وَيَتَرَبَّصُ بِكُمُ الدَّوَائِرَ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသားတို့တွင် (ဇကာတ်၊ ဂျိဟာဒ် စသည့်မွန်မြတ်သောကိစ္စများတွင်)မိမိတို့ သုးံစွဲကြသည်တို့ကို ဒဏ်ဆောင် ခြင်း ဖြစ်သည် ဟု မှတ်ယူကြသူများလည်း ရှိကြကုန်၏၊၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ပက်သက်၍ အလှည့်ကြုံခြင်းများကို စောင့်မျှော်နေကြကုန်၏။ (အမှန်အားဖြင့်)ထိုသူတို့အပေါ်၌ပင် မကောင်းသောအလှည့် ကြုံခြင်းသည်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။
وَمِنَ الْأَعْرَابِ مَنْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَتَّخِذُ مَا يُنْفِقُ قُرُبَاتٍ عِنْدَ اللَّهِ وَصَلَوَاتِ الرَّسُولِ ۚ أَلَا إِنَّهَا قُرْبَةٌ لَهُمْ ۚ سَيُدْخِلُهُمُ اللَّهُ فِي رَحْمَتِهِ ۗ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ထို့အပြင် ကျေးရွာများ၌ နေထိုင်ကြကုန်သောအရဗ် အမျိုးသားတို့တွင် အလ္လာဟ်အရှင်မြတ်ကိုလည်း ကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူများလည်း ရှိကြကုန်၏။ ထိုသူတို့သည်(မွန်မြတ်သောကိစ္စများ)၌ မိမိတို့ သုံးစွဲကြသည်များကို အလ္လာဟ်အရှင်မြတ် အထံတော်တွင် ချဉ်းကပ်ရန်အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ ရစူလ်တမန်တော်(မုဟမ္မဒ်)၏ ဆုမွန်များရယူရန် အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း မှတ်ယူကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်မလွဲ ထိုသုံးစွဲသူများသည် ၎င်းတို့အဖို့ ချဉ်းကပ်ရန် အကြောင်းပင်ဖြစ်ပေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကရုဏာတော်တွင် ပါဝင်စေတော်မူအံ့။ ဧကန်မလွဲအလ္လာဟ်အရှင် မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَالسَّابِقُونَ الْأَوَّلُونَ مِنَ الْمُهَاجِرِينَ وَالْأَنْصَارِ وَالَّذِينَ اتَّبَعُوهُمْ بِإِحْسَانٍ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ وَأَعَدَّ لَهُمْ جَنَّاتٍ تَجْرِي تَحْتَهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
(အီမာန်သက်ဝင်ယုံကြည်ရာတွင် အွမ္မတ်သားအားလုံးတို့ထက်) ရှေးဦးပထမ ဖြစ်ကြကုန်သော မုဟာဂျီရိန်သာဝကကြီးများသည်လည်းကောင်း၊ အန်ဆွာရ် (သာဝကကြီး)များသည်လည်ကောင်း၊ ထို(မုဟာဂျီရိန်နှင့် အန်ဆွာရ်)တို့၏နောက်သို့ ကောင်း မွန်စွာ လိုက်ရဲကြသူတို့သည်လည်းကောင်း၊အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အပေါ်၌ ကျေနပ်တော်မူခဲ့လေပြီ၊ ထိုသူတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ခဲ့ကြလေပြီ၊ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူခဲ့လေသည်။ထိုဥယျာဉ်များ၏ အောက်၌ စမ်းချောင်းများ စီးထွေလျက်ရှိကြပေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင် စံမြန်းလျက်ရှိကြပေမည်။ ဤကား ကြီးကျယ် မြင့်မြတ်လှသော အောင်မြင်မှုပင်တည်း။
وَمِمَّنْ حَوْلَكُمْ مِنَ الْأَعْرَابِ مُنَافِقُونَ ۖ وَمِنْ أَهْلِ الْمَدِينَةِ ۖ مَرَدُوا عَلَى النِّفَاقِ لَا تَعْلَمُهُمْ ۖ نَحْنُ نَعْلَمُهُمْ ۚ سَنُعَذِّبُهُمْ مَرَّتَيْنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ
ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ ရှိကြကုန်သော အရဗ်ကျေးတောသားတို့တွင်လည်းကောင်း၊ မဒီနာမြို့သားတို့တွင်လည်းကောင်း၊ အကြင် ကဲ့သို့သော မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သောသူများ ရှိကြကုန်၏။ ထိုသူတို့သည် နိဖာက် အယောင်ဆောင်မှု၌ပင် ဇွတ်မှိတ်၍ စွဲမြဲစွာနေခဲ့ကြလေသည်။ အသင်တို့သည် ထိုသူတို့အား မသိချေ။ငါအရှင်မြတ်သည် ထိုသူတို့အား သိတော်မူ ၏။ မကြာမြင့်မီပင်ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကြိမ်တိုင်တိုင် ပြစ်ဒဏ်ပေးတော်မူမည်။ တဖန် ၎င်းတို့သည် ကြီးလေးလှသော ပြစ်ဒဏ်ကို ရောက်စေခြင်းကို ခံကြရပေမည်။

Choose other languages: