Surah At-Tawba Ayahs #103 Translated in Burmese
وَمِنَ الْأَعْرَابِ مَنْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَتَّخِذُ مَا يُنْفِقُ قُرُبَاتٍ عِنْدَ اللَّهِ وَصَلَوَاتِ الرَّسُولِ ۚ أَلَا إِنَّهَا قُرْبَةٌ لَهُمْ ۚ سَيُدْخِلُهُمُ اللَّهُ فِي رَحْمَتِهِ ۗ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ထို့အပြင် ကျေးရွာများ၌ နေထိုင်ကြကုန်သောအရဗ် အမျိုးသားတို့တွင် အလ္လာဟ်အရှင်မြတ်ကိုလည်း ကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူများလည်း ရှိကြကုန်၏။ ထိုသူတို့သည်(မွန်မြတ်သောကိစ္စများ)၌ မိမိတို့ သုံးစွဲကြသည်များကို အလ္လာဟ်အရှင်မြတ် အထံတော်တွင် ချဉ်းကပ်ရန်အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ ရစူလ်တမန်တော်(မုဟမ္မဒ်)၏ ဆုမွန်များရယူရန် အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း မှတ်ယူကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်မလွဲ ထိုသုံးစွဲသူများသည် ၎င်းတို့အဖို့ ချဉ်းကပ်ရန် အကြောင်းပင်ဖြစ်ပေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကရုဏာတော်တွင် ပါဝင်စေတော်မူအံ့။ ဧကန်မလွဲအလ္လာဟ်အရှင် မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَالسَّابِقُونَ الْأَوَّلُونَ مِنَ الْمُهَاجِرِينَ وَالْأَنْصَارِ وَالَّذِينَ اتَّبَعُوهُمْ بِإِحْسَانٍ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ وَأَعَدَّ لَهُمْ جَنَّاتٍ تَجْرِي تَحْتَهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
(အီမာန်သက်ဝင်ယုံကြည်ရာတွင် အွမ္မတ်သားအားလုံးတို့ထက်) ရှေးဦးပထမ ဖြစ်ကြကုန်သော မုဟာဂျီရိန်သာဝကကြီးများသည်လည်းကောင်း၊ အန်ဆွာရ် (သာဝကကြီး)များသည်လည်ကောင်း၊ ထို(မုဟာဂျီရိန်နှင့် အန်ဆွာရ်)တို့၏နောက်သို့ ကောင်း မွန်စွာ လိုက်ရဲကြသူတို့သည်လည်းကောင်း၊အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အပေါ်၌ ကျေနပ်တော်မူခဲ့လေပြီ၊ ထိုသူတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ခဲ့ကြလေပြီ၊ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူခဲ့လေသည်။ထိုဥယျာဉ်များ၏ အောက်၌ စမ်းချောင်းများ စီးထွေလျက်ရှိကြပေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင် စံမြန်းလျက်ရှိကြပေမည်။ ဤကား ကြီးကျယ် မြင့်မြတ်လှသော အောင်မြင်မှုပင်တည်း။
وَمِمَّنْ حَوْلَكُمْ مِنَ الْأَعْرَابِ مُنَافِقُونَ ۖ وَمِنْ أَهْلِ الْمَدِينَةِ ۖ مَرَدُوا عَلَى النِّفَاقِ لَا تَعْلَمُهُمْ ۖ نَحْنُ نَعْلَمُهُمْ ۚ سَنُعَذِّبُهُمْ مَرَّتَيْنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ
ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ ရှိကြကုန်သော အရဗ်ကျေးတောသားတို့တွင်လည်းကောင်း၊ မဒီနာမြို့သားတို့တွင်လည်းကောင်း၊ အကြင် ကဲ့သို့သော မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သောသူများ ရှိကြကုန်၏။ ထိုသူတို့သည် နိဖာက် အယောင်ဆောင်မှု၌ပင် ဇွတ်မှိတ်၍ စွဲမြဲစွာနေခဲ့ကြလေသည်။ အသင်တို့သည် ထိုသူတို့အား မသိချေ။ငါအရှင်မြတ်သည် ထိုသူတို့အား သိတော်မူ ၏။ မကြာမြင့်မီပင်ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကြိမ်တိုင်တိုင် ပြစ်ဒဏ်ပေးတော်မူမည်။ တဖန် ၎င်းတို့သည် ကြီးလေးလှသော ပြစ်ဒဏ်ကို ရောက်စေခြင်းကို ခံကြရပေမည်။
وَآخَرُونَ اعْتَرَفُوا بِذُنُوبِهِمْ خَلَطُوا عَمَلًا صَالِحًا وَآخَرَ سَيِّئًا عَسَى اللَّهُ أَنْ يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ထို့ပြင် အခြားသူတို့လည်း ရှိကြကုန်၏။ ထိုသူတို့သည် မိမိတို့၏ ပြစ်မှုဒုစရိုက်များကို ဝန်ခံခဲ့ကြလေသည်။ထိုသူတို့သည် ကောင်းမြတ်သောအကျင့်အမူနှင့် မကောင်းသောအကျင့်အမူကို ရောနှောပြုလုပ်ခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူရန် မျှော်ကိုးရာ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ပြစ်မှု များကို) အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊(မိမိကျွန်များအပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
خُذْ مِنْ أَمْوَالِهِمْ صَدَقَةً تُطَهِّرُهُمْ وَتُزَكِّيهِمْ بِهَا وَصَلِّ عَلَيْهِمْ ۖ إِنَّ صَلَاتَكَ سَكَنٌ لَهُمْ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ။ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း)အားဖြင့် အသင်သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင်အသင်သည် ၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ(နှစ်သိမ့်ကျေနပ်)မှုပင် ဖြစ်ချေသည်။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်ဖြစ်တော်မူချေသည်။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
