Quran Apps in many lanuages:

Surah At-Tawba Ayahs #68 Translated in Burmese

يَحْذَرُ الْمُنَافِقُونَ أَنْ تُنَزَّلَ عَلَيْهِمْ سُورَةٌ تُنَبِّئُهُمْ بِمَا فِي قُلُوبِهِمْ ۚ قُلِ اسْتَهْزِئُوا إِنَّ اللَّهَ مُخْرِجٌ مَا تَحْذَرُونَ
မုနာဖစ်က် တို့သည် ထို ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အပေါ်၌ မိမိတို့၏ စိတ်နှလုံး တွင်းရှိသည်တို့ကိုထိုမုအ်မင်န်တို့အား သိကြားစေသောကဏ္ဍတစ်ခုခု ချပေးခြင်းခံရမည်ကို ကြောင့်ကြစိုးရိမ်လျက်ရှိကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါလေ။ အသင်တို့သည် ပြက်ရယ်ပြောင်လှောင် နေကြကုန်၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ စိုးရိမ်လျက်ရှိကြသည်ကို ထုတ်ဖော်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَئِنْ سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِاللَّهِ وَآيَاتِهِ وَرَسُولِهِ كُنْتُمْ تَسْتَهْزِئُونَ
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည် ဟု ဖြေကြားလတ္တံ့။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏အာယတ်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ပြက်ရယ်ပြောင်လှောင်ကြလေသလော။
لَا تَعْتَذِرُوا قَدْ كَفَرْتُمْ بَعْدَ إِيمَانِكُمْ ۚ إِنْ نَعْفُ عَنْ طَائِفَةٍ مِنْكُمْ نُعَذِّبْ طَائِفَةً بِأَنَّهُمْ كَانُوا مُجْرِمِينَ
အသင်တို့သည် (အချည်းနှီး) အကြောင်း မပြုကြကုန်လင့်။ စင်စစ်ဧကန် အသင်တို့သည် မိမိတို့ အီမာန်သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြလေပြီ၊ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့အနက် လူတစ်စုကို ခွင့်လွှတ်တော်မူငြားအံ့လည်း အခြားလူတစ်စုကိုမူကား ပြစ်ဒဏ် ပေးတော်မူမည်သာ ဖြစ်သည်။အကြောင်း သော်ကား ၎င်းတို့သည် ပြစ်မှု ထင်ရှားသောသူများဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)
الْمُنَافِقُونَ وَالْمُنَافِقَاتُ بَعْضُهُمْ مِنْ بَعْضٍ ۚ يَأْمُرُونَ بِالْمُنْكَرِ وَيَنْهَوْنَ عَنِ الْمَعْرُوفِ وَيَقْبِضُونَ أَيْدِيَهُمْ ۚ نَسُوا اللَّهَ فَنَسِيَهُمْ ۗ إِنَّ الْمُنَافِقِينَ هُمُ الْفَاسِقُونَ
‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမတို့သည် တစ်မျိုးတစ်စားတည်းပင် ဖြစ်ကြကုန်၏။ ၎င်းတို့သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို အမိန့်ပေးကြလေသည်။ ထို့ပြင် ကောင်းမှုများမှ တားမြစ်ကြလေသည်။ထိုမှတစ်ပါး ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌သုံးစွဲခြင်းမပြုပဲ) မိမိတို့၏လက်များကို ဆုပ်ထားကြလေသည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့လျော့ခဲ့ကြပေရာ၊ထိုအရှင်မြတ်သည်လည်း၊ ၎င်းတို့အား မေ့လျော့(ထား)တော်မူခဲ့လေသည်။ အကယ်စင်စစ်၊ မုနာဖစ်က်’မုစ်လင်မ်အယောင်ဆောင်’တို့သည် အမှန်တကယ် အမိန့်ကို သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။
وَعَدَ اللَّهُ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْكُفَّارَ نَارَ جَهَنَّمَ خَالِدِينَ فِيهَا ۚ هِيَ حَسْبُهُمْ ۚ وَلَعَنَهُمُ اللَّهُ ۖ وَلَهُمْ عَذَابٌ مُقِيمٌ
အလ္လာဟ်အရှင်မြတ်သည် ‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမ တို့အားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ ဂျဟန္နမ်ငရဲမီး(ထဲသို့လားစေတော်မူမည့်အကြောင်း) ကတိပြုထားတော်မူခဲ့လေသည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်လျက် ရှိကြလတ္တံ့။ ထိုငရဲမီးသည် ၎င်းတို့အား (ပြစ်ဒဏ်) ပေးရန် လုံလောက်တော်မူအံ့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူအံ့။ ထိုမှတစ်ပါး၎င်းတို့တွင် (ထိုအရှင်မြတ်၏ ကတိတော်အတိုင်း) ထာဝစဉ်တည်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

Choose other languages: