Quran Apps in many lanuages:

Surah At-Tawba Ayahs #57 Translated in Burmese

قُلْ أَنْفِقُوا طَوْعًا أَوْ كَرْهًا لَنْ يُتَقَبَّلَ مِنْكُمْ ۖ إِنَّكُمْ كُنْتُمْ قَوْمًا فَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြ�ေကုန်။ (သို့ရာတွင်)ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) အသင်တို့ထံမှသဘောတူတော်မူခြင်းကို အလျင်း ခံရလိမ့်မည်မဟုတ်ပေ။အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို)သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။
وَمَا مَنَعَهُمْ أَنْ تُقْبَلَ مِنْهُمْ نَفَقَاتُهُمْ إِلَّا أَنَّهُمْ كَفَرُوا بِاللَّهِ وَبِرَسُولِهِ وَلَا يَأْتُونَ الصَّلَاةَ إِلَّا وَهُمْ كُسَالَىٰ وَلَا يُنْفِقُونَ إِلَّا وَهُمْ كَارِهُونَ
စင်စစ်သော်ကား ယင်း(မုနာဖစ်က်)တို့ထံမှ ၎င်းတို့၏ အလှုပစ္စည်းများကို သဘောတူလက်ခံတော် မူခြင်းမှအလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ၎င်းတို့၏သွေဖည်ခြင်းမှအပါး အခြားမည်သည့်အရာကမျှ မြစ်တားခဲ့သည်မဟုတ်ပေ။ ထို့ပြင် 4င်းတို့သည် ပျင်းရိစွာမှအပ ဆွလာတ်ဝတ်ပြုကြသည်လည်း မရှိချေ။ ထိုနည်းတူစွာ၎င်းတို့သည် မနှစ်မြို့သော သူများအဖြစ်မှတစ်ပါး လှူဒါန်းသုံးစွဲကြသည်လည်း မရှိပေ။
فَلَا تُعْجِبْكَ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُعَذِّبَهُمْ بِهَا فِي الْحَيَاةِ الدُّنْيَا وَتَزْهَقَ أَنْفُسُهُمْ وَهُمْ كَافِرُونَ
သို့ဖြစ်ပေရာ ထို(မုနာဖစ်က်) တို့၏ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ထိုသူတို့၏သားသမီး များသည်လည်းကောင်း၊ အသင့်အား အံ့အားမသင့်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းနှင့် သားသမီးတို့အားဖြင့် ထိုသူတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ပြစ်ဒဏ်ပေးတော်မူရန်နှင့်၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့် ၎င်းတို့၏ အသက်ဇီဝိန်များ ထွက်သွားရန်သာလျှင် ရည်စူးတော်မူလေသတည်း။
وَيَحْلِفُونَ بِاللَّهِ إِنَّهُمْ لَمِنْكُمْ وَمَا هُمْ مِنْكُمْ وَلَٰكِنَّهُمْ قَوْمٌ يَفْرَقُونَ
ထိုမှတစ်ပါး ယင်း(မုနာဖစ်က်)တို့သည် ဧကန်စင်စစ် အသင်တို့အနက်မှ ဖြစ်ကြသည်ဟူ၍ အလ္လာဟ်အရှင်မြတ်အားတိုင်တည်ကာ ကျိန်ဆိုကြလေသည်။ အမှန်သော်ကား၎င်းတို့သည် အသင်တို့အနက်မှ မဟုတ်ကြချေ။ သို့ရာတွင်၎င်းတို့သည် သူရဲဘောနည်း သတ္တိကြောင်သူများသာ ဖြစ်ကြကုန်သတည်း။
لَوْ يَجِدُونَ مَلْجَأً أَوْ مَغَارَاتٍ أَوْ مُدَّخَلًا لَوَلَّوْا إِلَيْهِ وَهُمْ يَجْمَحُونَ
အကယ်၍သာ ထို (မုနာဖစ်က်) တို့သည် ခိုကိုးရာနေရာ တစ်ခုခုကိုသော်လည်းကောင်း၊ ဥမင်လိုဏ်ခေါင်းများကိုသော်လည်းကောင်း၊ ဝင်ရောက်(ပုန်းအောင်း)ရန်နေ ရာတစ်ခုခုကိုသော်လည်းကောင်း၊ တွေ့ရှိကြပါ လျှင် ၎င်းတို့သည်ထိုနေရာသို့ ဦးခေါင်းမော့ကာ တစ်ဟုန် တည်း တွန်းထိုးကာထွက်ပြေး (ဝင်ရောက်ပုန်းအောင်း) ကြမည် သာတည်း။

Choose other languages: