Quran Apps in many lanuages:

Surah At-Tawba Ayahs #35 Translated in Burmese

اتَّخَذُوا أَحْبَارَهُمْ وَرُهْبَانَهُمْ أَرْبَابًا مِنْ دُونِ اللَّهِ وَالْمَسِيحَ ابْنَ مَرْيَمَ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا إِلَٰهًا وَاحِدًا ۖ لَا إِلَٰهَ إِلَّا هُوَ ۚ سُبْحَانَهُ عَمَّا يُشْرِكُونَ
ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။
يُرِيدُونَ أَنْ يُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَيَأْبَى اللَّهُ إِلَّا أَنْ يُتِمَّ نُورَهُ وَلَوْ كَرِهَ الْكَافِرُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့၏ပါးစပ်များဖြင့် ငြိမ်းစေလိုကြကုန်၏။ သို့ရာတွင်မူကား အလ္လာဟ်အဲရှင်မြတ်သည် ကာဖိရ် မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့က မနှစ်မြို့ကြသော်လည်း မိမိ၏ရောင်ခြည်တော်ကို ပြည့်ဝစုံလင်စေတော်မူခြင်း မှတစ်ပါး(အခြား) မည်သည့်တစ်စုံတစ်ရာကိုမျှ သဘောတူတော် မူမည်မဟုတ်ပေ။
هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
ထို (အလ္လာဟ်) အရှင်မြတ်သည်အကြင်အရှင်မြတ် ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်’မွတ်ရှ်ရစ်က်’ များက မနှစ်သက်ကြသော်လည်း မိမိရစူလ်တမန်တော်အား ဘာသာသာသနာ အားလုံးတို့အပေါ်ဝယ် လွှမ်းမိုးစေခြင်းငှာတရားဓမ္မနှင့်အတူလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’ သာသနာနှင့်အတူစေလွှတ်တော်မူခဲ့လေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ كَثِيرًا مِنَ الْأَحْبَارِ وَالرُّهْبَانِ لَيَأْكُلُونَ أَمْوَالَ النَّاسِ بِالْبَاطِلِ وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ ۗ وَالَّذِينَ يَكْنِزُونَ الذَّهَبَ وَالْفِضَّةَ وَلَا يُنْفِقُونَهَا فِي سَبِيلِ اللَّهِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ဧကန်စင်စစ် များစွာသော (ယဟူဒီ၊ ခရစ်ယာန်) ဓမ္မဆရာများသည်လည်းကောင်း၊ ဘုန်းကြီးရဟန်းများသည်လည်းကောင်း၊လူတို့၏ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးကြကုန်၏။ ထို့အပြင်အကြင်သူတို့သည် ရွှေ၊ ငွေ၊(ရတနာပစ္စည်း)များကို စုဆောင်းသိုမှီး၍ ထားရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် ၎င်း(ရွှေ၊ငွေ၊ရတနာများ) ကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲကြသည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့အား နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ခံကြရမည့်အကြောင်း သတင်းကောင်း ပြောကြားပါလေ။
يَوْمَ يُحْمَىٰ عَلَيْهَا فِي نَارِ جَهَنَّمَ فَتُكْوَىٰ بِهَا جِبَاهُهُمْ وَجُنُوبُهُمْ وَظُهُورُهُمْ ۖ هَٰذَا مَا كَنَزْتُمْ لِأَنْفُسِكُمْ فَذُوقُوا مَا كُنْتُمْ تَكْنِزُونَ
(ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက် ထိုသူတို့၏နဖူးများ (သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့ ၏ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်�ားပြီးဖြစ်သော) ရွှေငွေဖြင့်တံဆိပ်ခတ်နှိပ် ခြင်းကိုခံကြရလတ္တံ့။] [(တနည်း) ထို့နောက်ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည်ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလတ္တံ့။] (ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော ‘မလာအီကဟ်’ ကောင်းကင်တမန်တို့က) ဤကား အသင်တို့သည်မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် (ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခု အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေ ကုန် (ဟုပြောဆိုကြလတ္တံ့)။

Choose other languages: