Quran Apps in many lanuages:

Surah At-Tawba Ayahs #22 Translated in Burmese

إِنَّمَا يَعْمُرُ مَسَاجِدَ اللَّهِ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَلَمْ يَخْشَ إِلَّا اللَّهَ ۖ فَعَسَىٰ أُولَٰئِكَ أَنْ يَكُونُوا مِنَ الْمُهْتَدِينَ
အလ္လာဟ်အရှင်မြတ်၏ ဗလီကျောင်းတော်များကို အကြင်သူတို့သည်သာလျှင် စည်ကားသာယာအောင် ပြုနိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း ကောင်း၊ ယုံကြည်ကြသည့်ပြင်ထိုသူတို့သည် စွဲမြဲစွာ ‘ဆွလာတ်’ ဝတ်ပြုမှုကိုလည်းကောင်း၊’ဇကာတ်’ တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း၊ပြုကြကုန်သည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ကြသည်လည်း မရှိချေ။သို့ဖြစ်ပေရာ ၎င်းတို့သည် တရားလမ်းမှန် ရရှိမျှော်လင့်ကြရာပေသတည်း။
أَجَعَلْتُمْ سِقَايَةَ الْحَاجِّ وَعِمَارَةَ الْمَسْجِدِ الْحَرَامِ كَمَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَجَاهَدَ فِي سَبِيلِ اللَّهِ ۚ لَا يَسْتَوُونَ عِنْدَ اللَّهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အသင်တို့သည် ဟာဂျီများအား ရေတိုက်ခြင်းကိုလည်းကောင်း၊ ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်ကို စည်ကားသာယာအောင် ပြုလုပ် ခြင်းကိုလည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်သည့်ပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သောသူ (၏ကောင်းမှုကုသိုလ်) နှင့်တူမျှသည်ဟု ထင်မြင်ယူဆထားကြလေသလော။ ထိုသူများသည်အလ္လာဟ်အရှင်မြတ်အထံတော်၌ (အဆင့်အတန်း ချင်း)မတူကြချေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သောသူတို့အား တရားလမ်းမှန်ကိုပြသတော်မူသည် မဟုတ်ပေ။
الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنْفُسِهِمْ أَعْظَمُ دَرَجَةً عِنْدَ اللَّهِ ۚ وَأُولَٰئِكَ هُمُ الْفَائِزُونَ
အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည်အလ္လာဟ်ရှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် ‘အောင်မြင်မှု’ ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။
يُبَشِّرُهُمْ رَبُّهُمْ بِرَحْمَةٍ مِنْهُ وَرِضْوَانٍ وَجَنَّاتٍ لَهُمْ فِيهَا نَعِيمٌ مُقِيمٌ
ထိုသူတို့ကား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထိုသူတို့ကို မိမိအထံတော်မှ ကရုဏာတော်ကို ခံစားကြရမည်ကိုလည်းကောင်း၊ (ထိုအရှင်မြတ်၏)နှစ်သက်မှုကို ရရှိကြမည်ကိုလည်းကောင်း၊ ထိုသူတို့အဖို့ ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ ရရှိကြမည်ကိုလည်းကောင်း၊ သတင်းကောင်း မိန့်ကြားတော်မူလေသတည်း။
خَالِدِينَ فِيهَا أَبَدًا ۚ إِنَّ اللَّهَ عِنْدَهُ أَجْرٌ عَظِيمٌ
၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝရ နေထိုင်စံမြန်းကြပေမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးဆုလာဘ်သည် ရှိချေသတည်း။

Choose other languages: