Quran Apps in many lanuages:

Surah At-Taghabun Ayahs #18 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ مِنْ أَزْوَاجِكُمْ وَأَوْلَادِكُمْ عَدُوًّا لَكُمْ فَاحْذَرُوهُمْ ۚ وَإِنْ تَعْفُوا وَتَصْفَحُوا وَتَغْفِرُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမတို့တွင်လည်းကောင်း၊ အသင်တို့၏ သားသမီးတို့တွင်လည်းကောင်း၊ အသင်တို့၏ရန်သူများ ရှိနေကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ကို သတိပြုကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည်(ထိုသူတို့အား) ခွင့်လွှတ်ကြပါလျှင်လည်းကောင်း၊ လျစ်လျူရှုကြပါလျှင်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါလျှင်လည်းကောင်း၊ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူ၏။
إِنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ ۚ وَاللَّهُ عِنْدَهُ أَجْرٌ عَظِيمٌ
အသင်တို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ အသင်တို့၏ သားသမီးများသည်လည်းကောင်း၊ စမ်းသပ်မှုသာလျှင် ဖြစ်ကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် ရှိပေသည်။
فَاتَّقُوا اللَّهَ مَا اسْتَطَعْتُمْ وَاسْمَعُوا وَأَطِيعُوا وَأَنْفِقُوا خَيْرًا لِأَنْفُسِكُمْ ۗ وَمَنْ يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့တတ် စွမ်းနိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို့ပြင် အသင်တို့သည် နာခံကြလေကုန်။ ၎င်းပြင် အသင်တို့သည် လိုက်နာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကိုယ်တိုင် ကောင်းစားရန် သုံးစွဲ(လှူဒါန်း)ကြလေကုန်။ စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင်၏ လောဘရမ္မက်ကြီးမှုမှ လွတ်ကင်းပါမူ ယင်းကဲ့သို့သော သူတို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကုန်၏။
إِنْ تُقْرِضُوا اللَّهَ قَرْضًا حَسَنًا يُضَاعِفْهُ لَكُمْ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ شَكُورٌ حَلِيمٌ
အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်စွာ ချေးငှားကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းချေးငှားခြင်းကို ဆထက် တိုးပွားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော် မူပေမည်။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင်၊ အလွန်တရာ သည်းခံခြင်းတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
عَالِمُ الْغَيْبِ وَالشَّهَادَةِ الْعَزِيزُ الْحَكِيمُ
လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူသောအရှင်၊ အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: