Quran Apps in many lanuages:

Surah Ash-Shura Ayahs #31 Translated in Burmese

وَلَوْ بَسَطَ اللَّهُ الرِّزْقَ لِعِبَادِهِ لَبَغَوْا فِي الْأَرْضِ وَلَٰكِنْ يُنَزِّلُ بِقَدَرٍ مَا يَشَاءُ ۚ إِنَّهُ بِعِبَادِهِ خَبِيرٌ بَصِيرٌ
စင်စစ်မှာကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်(အပေါင်း)တို့အား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်တော်မူခဲ့ပါလျှင် အမှန်ပင် ထိုကျွန်(အပေါင်း)တို့သည် ကမ္ဘာမြေဝယ် ဆိုးသွမ်း သောင်းကျန်းခဲ့ကြမည်သာ။ သို့ရာတွင် အရှင်မြတ်သည်(စားနပ်ရိက္ခာကို တဖြည်းဖြည်း) မိမိအလိုရှိတော် မူသောအတိုင်းအတာနှင့်အမျှ ချပေးတော်မူ၏။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ ကောင်းစွာသိတော်မူသောအရှင်၊ကောင်းစွာ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
وَهُوَ الَّذِي يُنَزِّلُ الْغَيْثَ مِنْ بَعْدِ مَا قَنَطُوا وَيَنْشُرُ رَحْمَتَهُ ۚ وَهُوَ الْوَلِيُّ الْحَمِيدُ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လူတို့မျှော်လင့်ချက်ကင်းခဲ့ကြသည့်နောက်တွင် မိုးရေကို ရွာသွန်းစေတော်မူ၏။ ထို့ပြင် မိမိကရုဏာတော်ကို ပြန့်စေတော် မူ၏။စင်စစ်မှာကား ထိုအရှင်မြတ်သည် ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူသောအရှင်၊ ချီးမွမ်း အပ်သည့် အထူးထူးသော ဂုဏ်၊ ဝိသေသအပေါင်းတို့ နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَثَّ فِيهِمَا مِنْ دَابَّةٍ ۚ وَهُوَ عَلَىٰ جَمْعِهِمْ إِذَا يَشَاءُ قَدِيرٌ
၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့အနက် အပါအဝင်ဖြစ်၏။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့်ပထဝီမြေနှစ်ခုလုံး၌ ဖြန့်ထား တော်မူသော သက်ရှိအပေါင်းတို့အား ဖန်ဆင်းတော် မူခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါးထိုအရှင်မြတ် သည် မိမိအလိုရှိတော်မူသောအခါ ၎င်းတို့အားစုရုံး ခြင်းကိုလည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။
وَمَا أَصَابَكُمْ مِنْ مُصِيبَةٍ فَبِمَا كَسَبَتْ أَيْدِيكُمْ وَيَعْفُو عَنْ كَثِيرٍ
စင်စစ်သော်ကား အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသရွေ့သည် အသင်တို့၏လက်များကဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့သည်သာ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် များစွာသောပြစ်မှုများကိုမူကား ခွင့်လွှတ်တော်မူ၏။
وَمَا أَنْتُمْ بِمُعْجِزِينَ فِي الْأَرْضِ ۖ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
၎င်းပြင် အသင်တို့သည် ထို(အရှင်မြတ်အား)ကမ္ဘာမြေ၏ မည်သည့်အစိတ်အပိုင်း မည်သည့်နေရာ၌(မျှပင်) မတတ်စွမ်းနိုင်အောင် ပြုစွမ်းနိုင်ကြသူများ မဟုတ်ပေ။ထိုမှတစ်ပါး အသင်တို့၌ အလ္လာဟ် အရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်အံ့သောသူဟူ၍လည်း အလျှင်းမရှိပြီ။ ကူညီစောင်မအံ့သောသူဟူ၍လည်း အလျှင်း မရှိပြီတကား။

Choose other languages: