Quran Apps in many lanuages:

Surah Ash-Shura Ayahs #27 Translated in Burmese

ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَنْ يَقْتَرِفْ حَسَنَةً نَزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ
ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။
أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِنْ يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
၎င်းတို့က ထို(မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲခဲ့သည်ဟု ပြောဆိုကြလေသလော။သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်၏စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အာယတ်တော်များဖြင့် အမှားကို ဖျောက်ဖျက်တော်မူ၍အမှန်ကို အခိုင်အမာဖြစ်အောင် ပြုလုပ်တော်မူလေ့ရှိ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် ရင်များ၏အတွင်း၌ ရှိသည်များတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَهُوَ الَّذِي يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَعْفُو عَنِ السَّيِّئَاتِ وَيَعْلَمُ مَا تَفْعَلُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိ ကျွန်များ၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှတို့ကို သိတော်မူ၏။
وَيَسْتَجِيبُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَيَزِيدُهُمْ مِنْ فَضْلِهِ ۚ وَالْكَافِرُونَ لَهُمْ عَذَابٌ شَدِيدٌ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်အီမာန်သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့၏ ဆုတောင်းပတ္ထနာပြုချက်ကို သဘောတူလက်ခံတော်မူ၏။ ထို့ပြင် ၎င်းတို့အား မိမိကျေးဇူးတော်ဖြင့် တိုး၍ပင် ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင်ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့၌မူ ပြင်းထန်လှစွာသောပြစ်ဒဏ်သည် ရှိချေမည်။
وَلَوْ بَسَطَ اللَّهُ الرِّزْقَ لِعِبَادِهِ لَبَغَوْا فِي الْأَرْضِ وَلَٰكِنْ يُنَزِّلُ بِقَدَرٍ مَا يَشَاءُ ۚ إِنَّهُ بِعِبَادِهِ خَبِيرٌ بَصِيرٌ
စင်စစ်မှာကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်(အပေါင်း)တို့အား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်တော်မူခဲ့ပါလျှင် အမှန်ပင် ထိုကျွန်(အပေါင်း)တို့သည် ကမ္ဘာမြေဝယ် ဆိုးသွမ်း သောင်းကျန်းခဲ့ကြမည်သာ။ သို့ရာတွင် အရှင်မြတ်သည်(စားနပ်ရိက္ခာကို တဖြည်းဖြည်း) မိမိအလိုရှိတော် မူသောအတိုင်းအတာနှင့်အမျှ ချပေးတော်မူ၏။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ ကောင်းစွာသိတော်မူသောအရှင်၊ကောင်းစွာ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

Choose other languages: