Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #102 Translated in Burmese

إِذْ نُسَوِّيكُمْ بِرَبِّ الْعَالَمِينَ
အကြင်အခါဝယ် ကျွန်ုပ်တို့သည် အသင်တို့အား စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်အတူ ဂုဏ်ရည်တူများ ပြုလုပ်လျက် ရှိခဲ့ကြကုန်၏။
وَمَا أَضَلَّنَا إِلَّا الْمُجْرِمُونَ
စင်စစ်သော်ကား ကျွန်ုပ်တို့အား (ဤအကြီးအကျယ်) ပြစ်မှုကျူးလွန်သူတို့သည်သာလျှင် လမ်းလွဲစေခဲ့ကြကုန်၏။
فَمَا لَنَا مِنْ شَافِعِينَ
ယခုသော်ကား ကျွန်ုပ်တို့အဖို့ ကြားဝင် အသနားခံပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။
وَلَا صَدِيقٍ حَمِيمٍ
ထိုနည်းတူစွာ ချစ်ကျွမ်းဝင် ရင်းနှီးသော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။
فَلَوْ أَنَّ لَنَا كَرَّةً فَنَكُونَ مِنَ الْمُؤْمِنِينَ
သို့ဖြစ်ပေရာ အကယ်၍သာ ကျွန်ုပ်တို့သည်(လူလောကသို့)တစ်ဖန် ပြန်လည်သွားခွင့်ရရှိကြပါလျှင် ကောင်းလေစွ။ သို့ ပြန်သွားခွင့်ရရှိကြပါလျှင် ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြရမည်။

Choose other languages: