Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #103 Translated in Burmese

وَمَا أَضَلَّنَا إِلَّا الْمُجْرِمُونَ
စင်စစ်သော်ကား ကျွန်ုပ်တို့အား (ဤအကြီးအကျယ်) ပြစ်မှုကျူးလွန်သူတို့သည်သာလျှင် လမ်းလွဲစေခဲ့ကြကုန်၏။
فَمَا لَنَا مِنْ شَافِعِينَ
ယခုသော်ကား ကျွန်ုပ်တို့အဖို့ ကြားဝင် အသနားခံပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။
وَلَا صَدِيقٍ حَمِيمٍ
ထိုနည်းတူစွာ ချစ်ကျွမ်းဝင် ရင်းနှီးသော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။
فَلَوْ أَنَّ لَنَا كَرَّةً فَنَكُونَ مِنَ الْمُؤْمِنِينَ
သို့ဖြစ်ပေရာ အကယ်၍သာ ကျွန်ုပ်တို့သည်(လူလောကသို့)တစ်ဖန် ပြန်လည်သွားခွင့်ရရှိကြပါလျှင် ကောင်းလေစွ။ သို့ ပြန်သွားခွင့်ရရှိကြပါလျှင် ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြရမည်။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်မလွဲ ဤ(သည့်ဖြစ်ရပ်)၌ အမှန်ပင် (ကြီးကျယ်လှသော) သင်ခန်းစာသည် ရှိပေသည်။ စင်စစ်သော်ကား ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်)အများစုမှာ သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။

Choose other languages: