Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #67 Translated in Burmese

فَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنِ اضْرِبْ بِعَصَاكَ الْبَحْرَ ۖ فَانْفَلَقَ فَكَانَ كُلُّ فِرْقٍ كَالطَّوْدِ الْعَظِيمِ
ထိုအခါ ငါအရှင်မြတ်သည် မူစာ၏ထံသို့အသင်သည် မိမိတောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်ပါလေဟု အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ သို့ဖြစ် ပေရာ(မူစာသည် အမိန့်တော်အတိုင်းရိုက်ခတ်လေသော်)ထိုပင်လယ်မှာ ကွဲ၍သွားပြီးလျှင်(ရေ၏)အစုအပုံ အသီးသီးတို့မှာ ကြီးမားလှစွာသော တောင်ကြီးများပမာ ဖြစ်သွားခဲ့ကြလေ၏။
وَأَزْلَفْنَا ثَمَّ الْآخَرِينَ
၎င်းပြင် ငါအရှင်မြတ်သည် (အခြားအုပ်စုဖြစ်သော ‘ဖစ်ရ်အောင်န်’ နှင့် ၎င်း၏ အခြွေအရံတို့)ကိုလည်း ထိုနေရာသို့ ပို့တော်မူခဲ့၏။
وَأَنْجَيْنَا مُوسَىٰ وَمَنْ مَعَهُ أَجْمَعِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာအားလည်းကောင်း၊ ထိုမူစာ၏အပေါင်းပါတို့ အားလည်းကောင်း၊အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
ثُمَّ أَغْرَقْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော’ဖစ်ရ်အောင်န်’ နှင့်၎င်း၏ အခြွေအရံတို့) ကို (ပင်လယ်နီတွင်)နှစ်မြှုပ်တော်မူခဲ့၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
မလွဲဧကန် ဤသည့်(ဖြစ်ရပ်)၌ ကြီးကျယ် လှစွာသော သင်ခန်းစာသည်ရှိပေသည်။ စင်စစ်သော်ကား ၎င်းတို့အနက် အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြချေ။

Choose other languages: