Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #68 Translated in Burmese

وَأَزْلَفْنَا ثَمَّ الْآخَرِينَ
၎င်းပြင် ငါအရှင်မြတ်သည် (အခြားအုပ်စုဖြစ်သော ‘ဖစ်ရ်အောင်န်’ နှင့် ၎င်း၏ အခြွေအရံတို့)ကိုလည်း ထိုနေရာသို့ ပို့တော်မူခဲ့၏။
وَأَنْجَيْنَا مُوسَىٰ وَمَنْ مَعَهُ أَجْمَعِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာအားလည်းကောင်း၊ ထိုမူစာ၏အပေါင်းပါတို့ အားလည်းကောင်း၊အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
ثُمَّ أَغْرَقْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော’ဖစ်ရ်အောင်န်’ နှင့်၎င်း၏ အခြွေအရံတို့) ကို (ပင်လယ်နီတွင်)နှစ်မြှုပ်တော်မူခဲ့၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
မလွဲဧကန် ဤသည့်(ဖြစ်ရပ်)၌ ကြီးကျယ် လှစွာသော သင်ခန်းစာသည်ရှိပေသည်။ စင်စစ်သော်ကား ၎င်းတို့အနက် အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ်မှာမူကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: