Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #66 Translated in Burmese

قَالَ كَلَّا ۖ إِنَّ مَعِيَ رَبِّي سَيَهْدِينِ
(ထိုအခါ) မူစာက အလျှင်း(အဖမ်းခံကြရမည်)မဟုတ်။ မလွဲဧကန် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ငါနှင့်အတူ ရှိတော်မူပေရာ၊ ယခုပင် ထိုအရှင်မြတ်သည် ငါ့အား(ပင်လယ်မှထွက်နိုင်ရန်) လမ်းညွှန်တော်မူမည်ဟုပြန်ကြားခဲ့လေ၏။
فَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنِ اضْرِبْ بِعَصَاكَ الْبَحْرَ ۖ فَانْفَلَقَ فَكَانَ كُلُّ فِرْقٍ كَالطَّوْدِ الْعَظِيمِ
ထိုအခါ ငါအရှင်မြတ်သည် မူစာ၏ထံသို့အသင်သည် မိမိတောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်ပါလေဟု အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ သို့ဖြစ် ပေရာ(မူစာသည် အမိန့်တော်အတိုင်းရိုက်ခတ်လေသော်)ထိုပင်လယ်မှာ ကွဲ၍သွားပြီးလျှင်(ရေ၏)အစုအပုံ အသီးသီးတို့မှာ ကြီးမားလှစွာသော တောင်ကြီးများပမာ ဖြစ်သွားခဲ့ကြလေ၏။
وَأَزْلَفْنَا ثَمَّ الْآخَرِينَ
၎င်းပြင် ငါအရှင်မြတ်သည် (အခြားအုပ်စုဖြစ်သော ‘ဖစ်ရ်အောင်န်’ နှင့် ၎င်း၏ အခြွေအရံတို့)ကိုလည်း ထိုနေရာသို့ ပို့တော်မူခဲ့၏။
وَأَنْجَيْنَا مُوسَىٰ وَمَنْ مَعَهُ أَجْمَعِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာအားလည်းကောင်း၊ ထိုမူစာ၏အပေါင်းပါတို့ အားလည်းကောင်း၊အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
ثُمَّ أَغْرَقْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော’ဖစ်ရ်အောင်န်’ နှင့်၎င်း၏ အခြွေအရံတို့) ကို (ပင်လယ်နီတွင်)နှစ်မြှုပ်တော်မူခဲ့၏။

Choose other languages: