Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #107 Translated in Burmese

إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်မလွဲ ဤ(သည့်ဖြစ်ရပ်)၌ အမှန်ပင် (ကြီးကျယ်လှသော) သင်ခန်းစာသည် ရှိပေသည်။ စင်စစ်သော်ကား ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်)အများစုမှာ သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော် မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော် မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
كَذَّبَتْ قَوْمُ نُوحٍ الْمُرْسَلِينَ
‘နူဟ်’၏ အမျိုးသားတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
إِذْ قَالَ لَهُمْ أَخُوهُمْ نُوحٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား ၎င်းတို့၏ နောင်တော်နူဟ်က(ဤသို့)ပြောကြားခဲ့၏။(အချင်းတို့)အသင်တို့ သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေ သလော။
إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။

Choose other languages: