Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #110 Translated in Burmese

إِذْ قَالَ لَهُمْ أَخُوهُمْ نُوحٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား ၎င်းတို့၏ နောင်တော်နူဟ်က(ဤသို့)ပြောကြားခဲ့၏။(အချင်းတို့)အသင်တို့ သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေ သလော။
إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည်ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ
စင်စစ် ငါသည် ဤအမိန့်တော်ကို ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာရှိ၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

Choose other languages: