Quran Apps in many lanuages:

Surah Ash-Shams Ayahs #13 Translated in Burmese

قَدْ أَفْلَحَ مَنْ زَكَّاهَا
စင်စစ်ဧကန် ထိုအသက်ဇီဝိန်ကို သပ္ပာယ ဖြစ်အောင် စင်ကြယ် သန့်ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ။
وَقَدْ خَابَ مَنْ دَسَّاهَا
သို့ရာတွင် ထိုအသက်ဇီဝိန်ကို(ဒုစရိုက်မှုများတွင်) နစ်မြုပ်စေခဲ့သော သူသည် ပျက်စီးဆုံးရှုံးခဲ့ ချေပြီတကား။
كَذَّبَتْ ثَمُودُ بِطَغْوَاهَا
ဆမူဒ်" အမျိုးသားတို့သည် မိမိတို့၏ ဆိုးသွမ်းမှုကြောင့် (နဗီတမန်တော် ဆွာလစ်ဟ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။
إِذِ انْبَعَثَ أَشْقَاهَا
အကြင်အခါဝယ် ၎င်းတို့အနက်မှ အယုတ်မာဆုံးသောသူသည် အရှိန်နှင့်ထွက်ပေါ်လာခဲ့၏။
فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا
ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွာလစ်ဟ်)က ၎င်းတို့အား(အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မကို (သတ်ဖြတ်ခြင်းမှ)လည်းကောင်း၊ ထိုကုလားအုတ်မ ရေသောက်ခြင်းကို (တားမြစ်ခြင်းမှ)လည်းကောင်း၊ (ရှောင်ကြဉ်ကြလေကုန်ဟု) ပြောကြား(သတိပေး)ခဲ့လေ၏။

Choose other languages: