Quran Apps in many lanuages:

Surah As-Saaffat Ayahs #89 Translated in Burmese

إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَاذَا تَعْبُدُونَ
တစ်ရံရောအခါဝယ် ထို (နဗီတမန်တော်)အီဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိ အမျိုးသားတို့အားလည်းကောင်း၊ ပြောဆို (မေးမြန်း)ခဲ့၏။ အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်နေကြသနည်း။
أَئِفْكًا آلِهَةً دُونَ اللَّهِ تُرِيدُونَ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍(မိမိတို့ကိုယ်တိုင်) ကြံဖန်ပြုလုပ်ထားသော ကိုးကွယ်ရာများကို(ဆည်းကပ်ကိုးကွယ်ရန်) လိုလားကြလေသလော။
فَمَا ظَنُّكُمْ بِرَبِّ الْعَالَمِينَ
သို့ဖြစ်လျှင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် ပတ်သက်၍ အသင်တို့သည် မည်သို့ ယူဆကြပေသနည်း။
فَنَظَرَ نَظْرَةً فِي النُّجُومِ
ထို့နောက် အီဗ်ရာဟီမ်သည် ကြယ်နက္ခတ်များကို တစ်ချက်စူးစိုက်၍ ကြည့်ခဲ့လေ၏။
فَقَالَ إِنِّي سَقِيمٌ
ထို့နောက် "ဧကန်အမှန် ငါသည် စိတ်ထိခိုက်သူဖြစ်သည်" ဟု ပြောဆိုခဲ့လေ၏။

Choose other languages: