Quran Apps in many lanuages:

Surah As-Saaffat Ayahs #90 Translated in Burmese

أَئِفْكًا آلِهَةً دُونَ اللَّهِ تُرِيدُونَ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍(မိမိတို့ကိုယ်တိုင်) ကြံဖန်ပြုလုပ်ထားသော ကိုးကွယ်ရာများကို(ဆည်းကပ်ကိုးကွယ်ရန်) လိုလားကြလေသလော။
فَمَا ظَنُّكُمْ بِرَبِّ الْعَالَمِينَ
သို့ဖြစ်လျှင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် ပတ်သက်၍ အသင်တို့သည် မည်သို့ ယူဆကြပေသနည်း။
فَنَظَرَ نَظْرَةً فِي النُّجُومِ
ထို့နောက် အီဗ်ရာဟီမ်သည် ကြယ်နက္ခတ်များကို တစ်ချက်စူးစိုက်၍ ကြည့်ခဲ့လေ၏။
فَقَالَ إِنِّي سَقِيمٌ
ထို့နောက် "ဧကန်အမှန် ငါသည် စိတ်ထိခိုက်သူဖြစ်သည်" ဟု ပြောဆိုခဲ့လေ၏။
فَتَوَلَّوْا عَنْهُ مُدْبِرِينَ
ထို့နောက် ၎င်းတို့သည် ထိုအီဗ်ရာဟီမ်၏ထံမှကျောခိုင်းလျက် လှည့်ပြန်ခဲ့ကြကုန်၏။

Choose other languages: