Quran Apps in many lanuages:

Surah As-Saaffat Ayahs #158 Translated in Burmese

مَا لَكُمْ كَيْفَ تَحْكُمُونَ
အသင်တို့၌ မည်သို့သော အကြောင်းပြချက်ရှိသနည်း။ အသင်တို့သည် မည်သို့ အဆုံးအဖြတ်ပေးကြသနည်း။
أَفَلَا تَذَكَّرُونَ
အသင်တို့သည် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။
أَمْ لَكُمْ سُلْطَانٌ مُبِينٌ
သို့တည်းမဟုတ် အသင်တို့၌ ထင်ရှားစွာသော သက်သေအထောက်အထား တစ်စုံတစ်ရာ ရှိလေသလော။
فَأْتُوا بِكِتَابِكُمْ إِنْ كُنْتُمْ صَادِقِينَ
သို့ရှိခဲ့လျှင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါမူ မိမိတို့၏ကျမ်းဂန်ကို ယူလာ (တင်ပြ)ကြလေကုန်။
وَجَعَلُوا بَيْنَهُ وَبَيْنَ الْجِنَّةِ نَسَبًا ۚ وَلَقَدْ عَلِمَتِ الْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏စိတ်ကူးဖြင့်) ထိုအရှင်မြတ်နှင့် ဂျင်(န်)သတ္တဝါတို့၏ အကြားဝယ် ဆွေမျိုးတော်စပ်မှုကို ဖန်တီးခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ဂျင်(န်)သတ္တဝါတို့ကိုယ်တိုင် မိမိတို့မှာ (ပြစ်ဒဏ်၌)အမှန်ပင် အဆင်သင့် ရောက်ရှိစေခြင်း ခံကြရမည့်သူများဖြစ်ကြသည်ကို ကောင်းစွာသိရှိပြီး ဖြစ်ကြကုန်၏။

Choose other languages: