Quran Apps in many lanuages:

Surah Ar-Rum Ayahs #53 Translated in Burmese

وَإِنْ كَانُوا مِنْ قَبْلِ أَنْ يُنَزَّلَ عَلَيْهِمْ مِنْ قَبْلِهِ لَمُبْلِسِينَ
အမှန်စင်စစ်သော်ကား ၎င်းတို့သည် ယင်းသို့ ဝမ်းမမြောက်မီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြကုန်၏။
فَانْظُرْ إِلَىٰ آثَارِ رَحْمَتِ اللَّهِ كَيْفَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ ذَٰلِكَ لَمُحْيِي الْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်(တည်းဟူသော မိုးရွာသွန်းခြင်း)၏ အမှတ်လက္ခဏာများကို ကြည့်လေ။ ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေ (သွေ့ခြောက်) သေပြီးနောက် မည်သို့ ရှင်စေတော်မူခဲ့ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် သူသေတို့အား ရှင်စေတော်မူမည့် အရှင်ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
وَلَئِنْ أَرْسَلْنَا رِيحًا فَرَأَوْهُ مُصْفَرًّا لَظَلُّوا مِنْ بَعْدِهِ يَكْفُرُونَ
သို့ရာတွင် အမှန်ပင် အကယ်၍ ငါအရှင်မြတ်သည် (အခြားသော)လေတစ်မျိုးကို စေလွှတ်တော်မူ၍ ၎င်းတို့သည် ထိုလယ်ယာကို ဝါ၍နေသည်ကို တွေ့မြင်ခဲ့ကြလျှင် ၎င်းတို့သည် ထို(သို့ဝါသွားသည့်) နောက်တွင် အမှန်ပင် ကျေးဇူးကန်းကြကုန်အံ့သတည်း။
فَإِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ဧကန်အမှန် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ထိုနည်းတူစွာ အသင်သည် နားပင်းသူတို့အားလည်း ၎င်းတို့ကျောခိုင်းလှည့် ပြန်သွားကြသောအခါ ဟစ်ခေါ်သံကို ကြားစေနိုင်သည် မဟုတ်ပေ။
وَمَا أَنْتَ بِهَادِ الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ
ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏လမ်းလွဲခြင်းမှ (ကယ်တင်ခြင်းငှာ) တရားလမ်းကို ပြသနိုင်မည်မဟုတ်ပေ။ အသင်သည် ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်၍(အမိန့်တော်များကို) နာခံသော သူတို့အားသာလျှင် ကြားစေနိုင်ပေသတည်း။

Choose other languages: