Quran Apps in many lanuages:

Surah Ar-Rad Ayahs #11 Translated in Burmese

وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ إِنَّمَا أَنْتَ مُنْذِرٌ ۖ وَلِكُلِّ قَوْمٍ هَادٍ
၎င်းပြင် မယုံမကြည် သွေဖည်ငြင်းပယ် ကုန်သောသူတို့သည် ထို(နဗီတမန်တော်မုဟမ္မဒ်)၏ အပေါ်၌ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာတစ်ရပ်ရပ်သည် အဘယ်ကြောင့် ကျရောက်ခဲ့သည်မရှိပါသနည်းဟူ၍လည်း ပြောဆိုကြသေး၏။ (စင်စစ်မှာမူကား) အသင်သည် သတိပေးနှိုးဆော်သူတစ်ဦးမျှသာဖြစ်ပေသည်။ ထိုနည်းတူစွာ လူမျိုးတိုင်းအဖို့ တရားလမ်းမှန်ကိုညွှန်ကြားပြသသူသည် ရှိချေသတည်း။
اللَّهُ يَعْلَمُ مَا تَحْمِلُ كُلُّ أُنْثَىٰ وَمَا تَغِيضُ الْأَرْحَامُ وَمَا تَزْدَادُ ۖ وَكُلُّ شَيْءٍ عِنْدَهُ بِمِقْدَارٍ
အလ္လာဟ်အရှင်မြတ်သည် အမိတိုင်း မည်သည့်အရာကို ကိုယ်ဝန်ဆောင်လျက်ရှိသည်ကိုလည်းကောင်း၊သားအိမ်များသည် မည်သည့်အရာကို ချွတ်ယွင်းစေသည်ကိုလည်းကောင်း၊ ထို့အတူ မည်သည့်အရာကို ပိုမိုစေသည်ကိုလည်းကောင်း သိရှိတော်မူ၏။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မိန်းမတစ်ဦးတစ်ယောက်၏ဝမ်းတွင်း လွယ်ထားသည်ကိုလည်းကောင်း၊ (မိန်းမများ၏)သားအိမ်များတွင် လျော့သည်ပိုသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။ (စင်စစ်သော်ကား)အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်အထံတော်၌ ချင့်ချိန်တိုင်းတာ သတ်မှတ်ပြီး ဖြစ်ပေသတည်း။
عَالِمُ الْغَيْبِ وَالشَّهَادَةِ الْكَبِيرُ الْمُتَعَالِ
ထိုအရှင်မြတ်သည် (သတ္တဝါအပေါင်း) မမြင်နိုင်သောအရာများကိုလည်းကောင်း၊ မြင်နိုင်သောအရာများကိုလည်းကောင်း၊(တစ်နည်း)လျှို့ဝှက် နေသောအရာများကိုလည်းကောင်း၊ ထင်ရှား၍နေသော အရာများကိုလည်းကောင်း၊ သိတော်မူသောအရှင်၊(အလုံးစုံတို့ထက်) ကြီးကဲတော်မူသောအရှင်၊မြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
سَوَاءٌ مِنْكُمْ مَنْ أَسَرَّ الْقَوْلَ وَمَنْ جَهَرَ بِهِ وَمَنْ هُوَ مُسْتَخْفٍ بِاللَّيْلِ وَسَارِبٌ بِالنَّهَارِ
အသင်တို့အနက် စကားကို လျှို့ဝှက်သော သူသည်လည်းကောင်း၊ ထုတ်ဖော်ပြောဆိုသူသည် လည်းကောင်း၊ညဉ့်(၏အမှောင်)၌ ပုန်းကွယ်၍နေသူသည်လည်းကောင်း၊ နေ့(၏အလင်းရောင်) ၌ (အထင်အရှား) သွားလာသောသူသည်လည်းကောင်း၊(ထိုအရှင်မြတ်၏အသိဉာဏ်တော်တွင်) အတူတူပင် ဖြစ်ကုန်သတည်း။
لَهُ مُعَقِّبَاتٌ مِنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ ۗ إِنَّ اللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنْفُسِهِمْ ۗ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ ۚ وَمَا لَهُمْ مِنْ دُونِهِ مِنْ وَالٍ
ထို(လူသား)အသီးသီးတို့တွင် ယင်းအသီးသီးတို့၏ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း အလှည့်ကျလာသော ကောင်းကင်တမန်များသည် ရှိကြကုန်၏။ ယင်းကောင်းကင်တမန်များသည် ယင်း(လူသား)အသီးသီးတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ စောင့်ရှောက်ကြကုန်၏။ အမှန်သော်ကား အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၎င်းတို့ကိုယ်တိုင် မိမိ တို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏အပေါ်၌ ဘေးဒုက္ခဆိုက်ရောက်စေရန် ရည်ရွယ်တော်မူခဲ့သည်ရှိသော် (မည်သူတစ်ဦးတစ်ယောက်မျှပင်) ထိုဘေးဒုက္ခကို တွန်းလှန်နိုင်ခြင်းမရှိချေ။ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်မည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိပေ။

Choose other languages: