Quran Apps in many lanuages:

Surah Ar-Rad Ayahs #27 Translated in Burmese

جَنَّاتُ عَدْنٍ يَدْخُلُونَهَا وَمَنْ صَلَحَ مِنْ آبَائِهِمْ وَأَزْوَاجِهِمْ وَذُرِّيَّاتِهِمْ ۖ وَالْمَلَائِكَةُ يَدْخُلُونَ عَلَيْهِمْ مِنْ كُلِّ بَابٍ
(ဆိုလိုသည်ကား ၎င်းတို့အဖို့) ထာဝရတည်သော ဥယျာဉ်များသည် (ရှိပေမည်)။ ၎င်းတို့သည် ထိုဥယျာဉ်များသို့ (မိမိတို့ကိုယ်တိုင်လည်း)ဝင်ရောက်ကြပေမည်။ ထိုမှတစ်ပါး ယင်းတို့၏အဖ၊ ဘိုး၊ ဘေးတို့အနက်မှလည်းကောင်း၊ ယင်းသူတို့၏ ကြင်ယာကြင်ဖက်တို့အနက်မှလည်းကောင်း၊ ယင်းတို့၏သား၊ မြေး၊ မြစ်တို့အနက်မှလည်းကောင်း၊ (ဂျန္နတ်၏) ထိုက်တန်သောသူတို့သည်လည်း(ဝင်ရောက်ကြပေမည်)။ ၎င်းပြင် မလာအိကဟ်ကောင်းကင်တမန်များသည် ထိုသူတို့ထံသို့ တံခါးတိုင်းမှဝင်ရောက်ကြပေမည်။
سَلَامٌ عَلَيْكُمْ بِمَا صَبَرْتُمْ ۚ فَنِعْمَ عُقْبَى الدَّارِ
(ယင်းမလာအိကဟ် ကောင်းကင်တမန်များသည် ၎င်းတို့ထံဝင်ရောက်ကြသောအခါ ဤသို့နှုတ်ခွန်းဆက်သပြောဆိုကြမည်ဖြစ်၏)။ အသင်တို့သည်(လောကီဘဝ၌)ခန္တီတရားထားရှိ၍ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက် ငြိမ်းချမ်း သာယာမှုသည် အသင်တို့အပေါ်၌ ကျရောက်ပါစေသား။ဤ တမလွန်ဘဝ၌ (အသင်တို့ခံစားကြရမည့်)အကျိုးသည်အလွန် ကောင်းမြတ်လှပေသည်တကား။
وَالَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۙ أُولَٰئِكَ لَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ဝန်ခံချက်ကို ယင်းပဋိညာဉ်ခံဝန်ချက်ကို အခိုင်အမာပြုလုပ်ပြီးနောက် ဖောက်ဖျက်ကြကုန်၏။ ထို့ပြင်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဆက်စပ်၍ထားရန် အမိန့်ပေးတော်မူသည်များကိုလည်း ဖြတ်တောက်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကမ္ဘာမြေဝယ် ဆူပူသောင်း ကျန်းလျက်လည်းရှိကြကုန်၏။ ထိုကဲ့သို့သူတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ထိုလောက၏အကျိုးယုတ်မှုသည်လည်း ရှိပေမည်သတည်း။
اللَّهُ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَاعٌ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးချဲ့၍ပေးတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသောသူ၏အပေါ်၌ စားနပ်ရိက္ခာကို) ကျဉ်းမြောင်း စေတော်မူ၏။ သို့ရာတွင်ထိုသူတို့သည် ဤလောကီဘဝ၌ အသက်ရှင်မှုကြောင့်ပင် ဝမ်းမြောက်ရွှင်မြူးခဲ့ကြလေသည်။ စင်စစ်မှာမူကား ဤလောကီဘဝ၌ အသက်ရှင်မှုသည် အနည်းငယ်တဒင်္ဂမျှ အကျိုးခံစားခြင်းသာလျှင် ဖြစ်ပေသတည်း။
وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ قُلْ إِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي إِلَيْهِ مَنْ أَنَابَ
ထို့ပြင် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့က ၎င်း၏အပေါ်၌ ၎င်းအားမွေးမြူဖန်ဆင်း တော်မူသောအရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်သည် အဘယ့်ကြောင့် ချပေးခြင်းကို မခံခဲ့ရပါသနည်းဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ဧကန်မလွဲအလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားလမ်းမှား၌ပင် ရှိစေတော်မူ၏။ သို့ရာတွင် ထိုအရှင်မြတ်သည်မိမိဘက်သို့ ပြန်လှည့်သောသူတို့ ကိုမူကား တရားလမ်းမှန်ကိုပြသတော်မူပေသတည်း၊

Choose other languages: