Quran Apps in many lanuages:

Surah Ar-Rad Ayahs #29 Translated in Burmese

وَالَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۙ أُولَٰئِكَ لَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ဝန်ခံချက်ကို ယင်းပဋိညာဉ်ခံဝန်ချက်ကို အခိုင်အမာပြုလုပ်ပြီးနောက် ဖောက်ဖျက်ကြကုန်၏။ ထို့ပြင်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဆက်စပ်၍ထားရန် အမိန့်ပေးတော်မူသည်များကိုလည်း ဖြတ်တောက်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကမ္ဘာမြေဝယ် ဆူပူသောင်း ကျန်းလျက်လည်းရှိကြကုန်၏။ ထိုကဲ့သို့သူတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ထိုလောက၏အကျိုးယုတ်မှုသည်လည်း ရှိပေမည်သတည်း။
اللَّهُ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَاعٌ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးချဲ့၍ပေးတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသောသူ၏အပေါ်၌ စားနပ်ရိက္ခာကို) ကျဉ်းမြောင်း စေတော်မူ၏။ သို့ရာတွင်ထိုသူတို့သည် ဤလောကီဘဝ၌ အသက်ရှင်မှုကြောင့်ပင် ဝမ်းမြောက်ရွှင်မြူးခဲ့ကြလေသည်။ စင်စစ်မှာမူကား ဤလောကီဘဝ၌ အသက်ရှင်မှုသည် အနည်းငယ်တဒင်္ဂမျှ အကျိုးခံစားခြင်းသာလျှင် ဖြစ်ပေသတည်း။
وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ قُلْ إِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي إِلَيْهِ مَنْ أَنَابَ
ထို့ပြင် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့က ၎င်း၏အပေါ်၌ ၎င်းအားမွေးမြူဖန်ဆင်း တော်မူသောအရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်သည် အဘယ့်ကြောင့် ချပေးခြင်းကို မခံခဲ့ရပါသနည်းဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ဧကန်မလွဲအလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားလမ်းမှား၌ပင် ရှိစေတော်မူ၏။ သို့ရာတွင် ထိုအရှင်မြတ်သည်မိမိဘက်သို့ ပြန်လှည့်သောသူတို့ ကိုမူကား တရားလမ်းမှန်ကိုပြသတော်မူပေသတည်း၊
الَّذِينَ آمَنُوا وَتَطْمَئِنُّ قُلُوبُهُمْ بِذِكْرِ اللَّهِ ۗ أَلَا بِذِكْرِ اللَّهِ تَطْمَئِنُّ الْقُلُوبُ
အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် ငြိမ်းအေးကြည်နူး၍ သွားလေသည်။ ကောင်းစွာမှတ်ယူကြလေကုန်။ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် စိတ်နှလုံးများသည် ငြိမ်းအေးကြည်နူး၍ သွားသည်ချည်းသာတည်း။
الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ طُوبَىٰ لَهُمْ وَحُسْنُ مَآبٍ
အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြ ကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ ထိုသူတို့အဖို့ စိတ္တသုခ ကောင်းကြီးမင်္ဂလာသည်လည်းကောင်း၊ ထိုသူတို့အဖို့(ဤပစ္စက္ခဘဝ၌) ကောင်းသော အခြေအနေသည်လည်းကောင်း၊ကောင်းမြတ်သော (အကျိုးဆက်)ပြန်လည်ရာဌာနသည် လည်းကောင်း၊ ရှိချေသတည်း။

Choose other languages: