Quran Apps in many lanuages:

Surah An-Nur Ayahs #27 Translated in Burmese

إِنَّ الَّذِينَ يَرْمُونَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُؤْمِنَاتِ لُعِنُوا فِي الدُّنْيَا وَالْآخِرَةِ وَلَهُمْ عَذَابٌ عَظِيمٌ
ဧကန်စင်စစ် ကာမဂုဏ်ကိုချုပ်တည်းသော၊ ရိုးသားဖြောင့်မတ်၍ သတိမမူသော ‘မုအ်မင်န်’ အမျိုးသမီးများအား (မဟုတ်မမှန် မတရား)စွပ်စွဲကြကုန် သောသူတို့သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို ခံကြရပေမည်။ ထိုမှတပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည်(လည်း) ရှိပေမည်။
يَوْمَ تَشْهَدُ عَلَيْهِمْ أَلْسِنَتُهُمْ وَأَيْدِيهِمْ وَأَرْجُلُهُمْ بِمَا كَانُوا يَعْمَلُونَ
အကြင်နေ့တွင်(ထိုနေ့တွင်) ထိုသူတို့၏ နူတ်လျှာများသည်လည်းကောင်း၊ ထိုသူတို့၏ ခြေလက်များသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ ကျင့်မူခဲ့သမျှတို့ကို သက်သေခံကြပေမည်။
يَوْمَئِذٍ يُوَفِّيهِمُ اللَّهُ دِينَهُمُ الْحَقَّ وَيَعْلَمُونَ أَنَّ اللَّهَ هُوَ الْحَقُّ الْمُبِينُ
ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်သောအစားကို အပြည့်အဝ ပေးတော်မူပေမည်။ ထို့ပြင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင် (အကြောင်း ကိစ္စများကို) ထင်ရှားစေတော်မူသောအရှင် ဖြစ်တော်မူကြောင်း ကို ၎င်းတို့သိရှိကြပေမည်။
الْخَبِيثَاتُ لِلْخَبِيثِينَ وَالْخَبِيثُونَ لِلْخَبِيثَاتِ ۖ وَالطَّيِّبَاتُ لِلطَّيِّبِينَ وَالطَّيِّبُونَ لِلطَّيِّبَاتِ ۚ أُولَٰئِكَ مُبَرَّءُونَ مِمَّا يَقُولُونَ ۖ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ
ယုတ်မာသောမိန်းမများသည် ယုတ်မာသော ယောက်ျားများနှင့်သာ ထိုက်ကြပေသည်။ ထိုနည်းတူစွာ ယုတ်မာသောယောက်ျားများမှာလည်း ယုတ်မာသော မိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ၎င်းပြင် မွန်မြတ်သောမိန်းမများသည် မွန်မြတ်သောယောက်ျားများနှင့်သာ ထိုက်တန်ကြပေသည်။ ထိုနည်းတူစွာ မွန်မြတ်သောယောက်ျားများသည်လည်း မွန်မြတ်သောမိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ထို(မွန်မြတ် သောယောက်ျား-မိန်းမ)တို့မှာ မူကား ၎င်း(မုနာဖစ်က်)တို့၏ ပြောဆို(စွပ်စွဲ)ချက်များမှ (လုံးဝ) ကင်းရှင်းသူများပင် ဖြစ်ကြပေသည်။ ထိုသူတို့အဖို့ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်သည် လည်းကောင်း၊ မွန်မြတ်လှစွာသော စားနပ်ရိက္ခာသည် လည်းကောင်း၊ ရှိပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتًا غَيْرَ بُيُوتِكُمْ حَتَّىٰ تَسْتَأْنِسُوا وَتُسَلِّمُوا عَلَىٰ أَهْلِهَا ۚ ذَٰلِكُمْ خَيْرٌ لَكُمْ لَعَلَّكُمْ تَذَكَّرُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို၊ အသင်တို့သည် မိမိတို့အိမ်များမှတစ်ပါး အခြားအိမ်များအတွင်းသို့(ထိုအိမ်သားများထံမှ) ခွင့်ရယူခြင်း၊ ထိုအိမ်သားများအပေါ် ၌’စလာမ်’ မေတ္တာပို့သခြင်း၊ မပြုသမျှကာလပတ်လုံး ဝင်ရောက်ခြင်းကို မပြုကြကုန်လင့်။ ဤ(ခွင့်ရယူခြင်းနှင့်’စလာမ်’ မေတ္တာ ပို့သခြင်းတို့သည်)ကား အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့မှသာလျှင် အသင်တို့သည် သတိဝီရိယ ပြုကြပေမည်။

Choose other languages: