Quran Apps in many lanuages:

Surah An-Nur Ayahs #15 Translated in Burmese

إِنَّ الَّذِينَ جَاءُوا بِالْإِفْكِ عُصْبَةٌ مِنْكُمْ ۚ لَا تَحْسَبُوهُ شَرًّا لَكُمْ ۖ بَلْ هُوَ خَيْرٌ لَكُمْ ۚ لِكُلِّ امْرِئٍ مِنْهُمْ مَا اكْتَسَبَ مِنَ الْإِثْمِ ۚ وَالَّذِي تَوَلَّىٰ كِبْرَهُ مِنْهُمْ لَهُ عَذَابٌ عَظِيمٌ
ဧကန်အမှန်(ဤ)မုသားစွပ်စွဲချက်ကို ဖြန့်ချီခဲ့သောသူတို့ကား အသင်တို့အနက်မှ အုပ်စု(ကလေး)တစ်ခုပင် ဖြစ်၏။ အသင်တို့သည် မိမိတို့နှင့်ပတ်သက်၍ ယင်းမုသားစွပ်စွဲချက်ကို ဆိုးရွားလှသည်ဟု မယူဆကြကုန်လင့်။ အမှန်စင်စစ်မှာမူကား ယင်းမုသားစွပ်စွဲချက်သည် အသင်တို့နှင့်ပတ်သက်၍ ကောင်းလှပေသည်။ ထိုအုပ်စုအနက် အသီးသီး၌ မိမိရှာဖွေဆည်းပူးခဲ့သော ပြစ်မှုသည်ရှိပေသည်။ ထိုမှတစ်ပါး ယင်းမုသားစွပ်စွဲမှု(ကိုဖြန့်ချီရာ၌) (အများဆုံး တာဝန်ယူ ဆောင်ရွက်ခဲ့သော)သူ၌မူ အလွန်ကြီးလေးလှသော ပြစ်ဒဏ်သည် ရှိပေသတည်း။
لَوْلَا إِذْ سَمِعْتُمُوهُ ظَنَّ الْمُؤْمِنُونَ وَالْمُؤْمِنَاتُ بِأَنْفُسِهِمْ خَيْرًا وَقَالُوا هَٰذَا إِفْكٌ مُبِينٌ
ယင်းမုသားစွပ်စွဲချက်ကို အသင်တို့ကြားသိခဲ့စဉ်က ‘မုအ်မင်န်’ ယောက်ျားတို့သည်လည်းကောင်း၊ ‘မုအ်မင်န်’ မိန်းမတို့သည်လည်းကောင်း၊ မိမိတို့ အချင်းချင်းနှင့်ပက်သက်၍ အဘယ်ကြောင့် ကောင်းမွန်သော ထင်မြင်ချက်ကို မထင်မြင်မ ယူဆခဲ့ကြသနည်း။ ထိုမှတစ်ပါး ထို ‘မုအ်မင်န်’ ယောက်ျား မိန်းမတို့က ဤသည် ထင်ရှားလှစွာသော မုသားစွပ်စွဲချက်ပင် ဖြစ်သည်ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။
لَوْلَا جَاءُوا عَلَيْهِ بِأَرْبَعَةِ شُهَدَاءَ ۚ فَإِذْ لَمْ يَأْتُوا بِالشُّهَدَاءِ فَأُولَٰئِكَ عِنْدَ اللَّهِ هُمُ الْكَاذِبُونَ
ထို(မုသားစွပ်စွဲခဲ့ကြသော)လူစုသည် အဘယ်ကြောင့် ယင်းစွပ်စွဲချက်နှင့် စပ်လျဉ်း၍ သက်သေလေးယောက် တင်မပြခဲ့ကြသနည်း။ စင်စစ် ၎င်းတို့သည် သက်သေတင်မပြခဲ့ကြသောကြောင့် ၎င်းတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။
وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ فِي الدُّنْيَا وَالْآخِرَةِ لَمَسَّكُمْ فِي مَا أَفَضْتُمْ فِيهِ عَذَابٌ عَظِيمٌ
စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ထိုအရှင်၏ ကရုဏာတော်သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ မရှိခဲ့လျှင် အသင်တို့ နစ်မွန်းလျှက် ရှိခဲ့ကြသောကိစ္စနှင့် စပ်လျဉ်း၍ အသင်တို့၌ အလွန်ကြီးလေးလှ�ွာသော ပြစ်ဒဏ်သည် အမှန်ပင်သက်ရောက်ခဲ့ပြီး ဖြစ်ချေသည်။
إِذْ تَلَقَّوْنَهُ بِأَلْسِنَتِكُمْ وَتَقُولُونَ بِأَفْوَاهِكُمْ مَا لَيْسَ لَكُمْ بِهِ عِلْمٌ وَتَحْسَبُونَهُ هَيِّنًا وَهُوَ عِنْدَ اللَّهِ عَظِيمٌ
အကြင်အခါ၌ အသင်တို့သည် ယင်းကိစ္စကို မိမိတို့လျှာများဖြင့် လက်ခံပြောဆိုနေခဲ့ကြ၏။ ထို့ပြင် မိမိတို့ အလျှင်းမသိသော အကြောင်းကိစ္စကို မိမိတို့နှုတ်များဖြင့် မြွက်ဆိုနေခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းကိစ္စကို ပေါ့ပေါ့ဆဆ သာမန်ကိစ္စဟု ထင်မှတ်နေကြကုန်၏။ အမှန်စင် စစ်မှာမူကား ယင်းကိစ္စသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန်ကြီးလေးလှသောကိစ္စပင် ဖြစ်ချေသတည်း။

Choose other languages: