Quran Apps in many lanuages:

Surah An-Nisa Ayah #92 Translated in Burmese

وَمَا كَانَ لِمُؤْمِنٍ أَنْ يَقْتُلَ مُؤْمِنًا إِلَّا خَطَأً ۚ وَمَنْ قَتَلَ مُؤْمِنًا خَطَأً فَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ وَدِيَةٌ مُسَلَّمَةٌ إِلَىٰ أَهْلِهِ إِلَّا أَنْ يَصَّدَّقُوا ۚ فَإِنْ كَانَ مِنْ قَوْمٍ عَدُوٍّ لَكُمْ وَهُوَ مُؤْمِنٌ فَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ ۖ وَإِنْ كَانَ مِنْ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ فَدِيَةٌ مُسَلَّمَةٌ إِلَىٰ أَهْلِهِ وَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ ۖ فَمَنْ لَمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةً مِنَ اللَّهِ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
၎င်းပြင် မှား�ွင်းချွတ်ချော်၍သတ်မိခြင်းမှအပ အကြင်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်အဖို့မျှ မထိုက်ပေ။ (သို့ရာတွင် အကြင်သူတစ်ယောက်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်ကို မှားယွင်းချွတ်ချော်၍ သတ်ဖြတ်မိခဲ့ပါမူ (ထိုသူ၌) မွတ်စ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည့်ပြင် ထို (အသတ်ခံရသော) သူ၏ဆွေမျိုး အမွေစားအမွေခံတို့အား လျော်ကြေးပေးရန်လည်းတာဝန်ရှိပေသည်။ သို့ရာတွင် ထိုအမွေစားအမွေခံတို့က ခွင့်လွှတ်ကြသည်ရှိသော် (လျော်ကြေးပေးရန်မလိုပေ) ။ တစ်ဖန် အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ရန်သူများအသင်းမှ ဖြစ်အံ့၊ ၎င်းပြင် ထိုသူသည်မွတ်စ်လင်မ်လည်းဖြစ်အံ့၊ သို့ဖြစ်လျှင် (သတ်မိသောသူ၌) မွတ်စ်လင်မ်ကျွန်တစ်ယောက်ကို လွတ်မြောက်စေရန် (သာ) တာဝန်ရှိ၏။ ၎င်းပြင်အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ မဟာမိတ်တို့ အသင်းမှ ဖြစ်ခဲ့လျှင် ၎င်း၏အမွေစားအမွေခံတို့အား လျော်ကြေးပေးရမည့်အပြင်၊ မွတ်စ်လင်မ်ကျွန်တစ်ယောက်ကိုလည်း လွတ်မြောက်စေရန် တာဝန်ရှိပေသေး၏။ တစ်ဖန် အကြင်သူသည် (ကျွန်ကို လွတ်မြောက်စေရန် စရိတ်စက) မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလဆောက်တည်ရပေမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ သတ်မှတ်ပြဋ္ဌာန်းတော်မူသော ဝန်ချတောင်းပန်ရန် နည်းပင်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသည်။

Choose other languages: