Quran Apps in many lanuages:

Surah An-Nisa Ayahs #58 Translated in Burmese

أَمْ يَحْسُدُونَ النَّاسَ عَلَىٰ مَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ ۖ فَقَدْ آتَيْنَا آلَ إِبْرَاهِيمَ الْكِتَابَ وَالْحِكْمَةَ وَآتَيْنَاهُمْ مُلْكًا عَظِيمًا
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည် အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။
فَمِنْهُمْ مَنْ آمَنَ بِهِ وَمِنْهُمْ مَنْ صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا
သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို ယုံကြည်ခဲ့ကြလေ၏။ သို့ရာတွင် ��င်းတို့အနက် အချို့သူတို့မှာမူကား ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့ကိုယုံကြည်ခြင်း) မှ သွေရှောင်ခဲ့ကြလေ၏။ အမှန်သော်ကား (ယင်းကဲ့သို့သူတို့အဖို့) အလျှံပြောင်ပြောင်တောက်လောင်သော ‘ဂျဟန္နမ်’ ငရဲဘုံသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။
إِنَّ الَّذِينَ كَفَرُوا بِآيَاتِنَا سَوْفَ نُصْلِيهِمْ نَارًا كُلَّمَا نَضِجَتْ جُلُودُهُمْ بَدَّلْنَاهُمْ جُلُودًا غَيْرَهَا لِيَذُوقُوا الْعَذَابَ ۗ إِنَّ اللَّهَ كَانَ عَزِيزًا حَكِيمًا
စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင် မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ (ငရဲ) မီးထဲသို့ ထည့်သွင်းတော်မူအံ့။ ထိုသူတို့၏အရေပြားသည် ကျွမ်းလောင်၍သွားတိုင်း၊ ထိုသူတို့သည် ပြစ်ဒဏ် (၏ အရသာ) ကို (အမြဲမပြတ်) မြည်းစမ်းကြရန် ငါအရှင်မြတ်သည် ၎င်းတို့အား (ကျွမ်းလောင်ခဲ့သော) ထိုအရေပြား၏အစား အခြား (အသစ်ဖြစ်သော) အရေပြားကို လဲလှယ်၍ပေးတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ لَهُمْ فِيهَا أَزْوَاجٌ مُطَهَّرَةٌ ۖ وَنُدْخِلُهُمْ ظِلًّا ظَلِيلًا
သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည် မကြာမြင့်မီ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ ၎င်းဥယျာဉ်များတွင် ထိုသူတို့အဖို့ သန့်ရှင်းစင်ကြယ်သောဇနီးမိန်းမများလည်းရှိကြမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား အလွန် ထူထပ်ချမ်းမြေ့သာယာသော အရိပ်အာဝါသအောက်သို့ ဝင်ရောက်စေတော်မူအံ့။
إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تُؤَدُّوا الْأَمَانَاتِ إِلَىٰ أَهْلِهَا وَإِذَا حَكَمْتُمْ بَيْنَ النَّاسِ أَنْ تَحْكُمُوا بِالْعَدْلِ ۚ إِنَّ اللَّهَ نِعِمَّا يَعِظُكُمْ بِهِ ۗ إِنَّ اللَّهَ كَانَ سَمِيعًا بَصِيرًا
(အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း၊ အမိန့်တော်ပေးတော်မူလေသည်။ ဧကန်စင်စစ် အသင်တို့အား အလ္လာဟ်အရှင်မြတ် ဆုံးမတော်မူသော ဩဝါဒတော်သည် အလွန်မွန်မြတ်လှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမရှိ ကြားသိတော်မူသောအရှင်၊ ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို ခွဲခြားသိမြင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။

Choose other languages: