Quran Apps in many lanuages:

Surah An-Nisa Ayahs #46 Translated in Burmese

يَوْمَئِذٍ يَوَدُّ الَّذِينَ كَفَرُوا وَعَصَوُا الرَّسُولَ لَوْ تُسَوَّىٰ بِهِمُ الْأَرْضُ وَلَا يَكْتُمُونَ اللَّهَ حَدِيثًا
အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ရစူလ်တမန်တော်ကိုလည်း မထီမဲ့မြင်ပြုခဲ့ကြ၏။ ထိုနေ့တွင် ထိုသူတို့က ၎င်းတို့သည် မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပါလျှင် ကောင်းလေစွဟု တောင့်တကြမည်။ စင်စစ်သော်ကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မည်သည့်စကားကိုမျှ ဖုံးအုပ်ထားနိုင်ကြမည်လည်း မဟုတ်ချေ။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقْرَبُوا الصَّلَاةَ وَأَنْتُمْ سُكَارَىٰ حَتَّىٰ تَعْلَمُوا مَا تَقُولُونَ وَلَا جُنُبًا إِلَّا عَابِرِي سَبِيلٍ حَتَّىٰ تَغْتَسِلُوا ۚ وَإِنْ كُنْتُمْ مَرْضَىٰ أَوْ عَلَىٰ سَفَرٍ أَوْ جَاءَ أَحَدٌ مِنْكُمْ مِنَ الْغَائِطِ أَوْ لَامَسْتُمُ النِّسَاءَ فَلَمْ تَجِدُوا مَاءً فَتَيَمَّمُوا صَعِيدًا طَيِّبًا فَامْسَحُوا بِوُجُوهِكُمْ وَأَيْدِيكُمْ ۗ إِنَّ اللَّهَ كَانَ عَفُوًّا غَفُورًا
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မူးယစ်နေကြစဉ် မိမိတို့ (နှုတ်ဖြင့်) ထွက်ဆိုသောစကားကို ကောင်းစွာ မသိနားမလည်သမျှကာလပတ်လုံး ‘ဆွလာသ်’ ဝတ်ပြုမှု၏အပါးသို့ပင် မချဉ်းကပ်ကြလေနှင့်။ ထိုနည်းတူစွာ အသင်တို့သည်၊ ခရီးသည်အဖြစ်မှတစ်ပါး အခြားအချိန်အခါမျိုးတွင် ‘ဂျနာဗတ်’ ရေချိုးရန်တာဝန်ရှိသူများ ဖြစ်နေကြပါလျှင် ရေမချိုးသမျှကာလပတ်လုံး (ဆွလာသ်ဝတ်ပြုခြင်း၏အပါးသို့ ချဉ်းကပ်ခြင်းကို) မပြုကြကုန်လင့်။ (တစ်နည်း) အသင်တို့သည် ဖြတ်သန်းသွားလာခြင်းမှတစ်ပါး အခြားအချိန်အခါမျိုးတွင် ‘ဆွလာသ်’ ဝတ်ပြုရာဌာနဖြစ်သော ဗလီကျောင်းတော်၏အပါးသို့ မချဉ်းကပ်ကြလေနှင့်။ သို့ရာတွင် အသင်တို့သည် အကယ်၍ ဝေဒနာသည်များ၊ သို့မဟုတ် ခရီးသည်များဖြစ်ကြလျှင်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက်မှ တစ်ဦးတယောက်သောသူသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်လာခဲ့သည်ဖြစ်လျှင်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် ဇနီးမိန်းမများနှင့် မေထုန်သံဝါသပြုခဲ့ ကြသည်ဖြစ်လျှင်လည်းကောင်း၊ ထိုအချိန်တွင် အသင်တို့သည် (ရေချိုးရန်အတွက်သော်လည်းကောင်း၊ ၀ဿူပြုရန်အတွက်သော်လည်းကောင်း) ရေမရရှိကြလျှင်လည်းကောင်း၊ အသင်တို့သည် စင်ကြယ်သောမြေဖြင့် တယမ်မွန်မ်ပြုကြလေကုန် (တယမ်မွန်မ်ပြုနည်းကား) အသင်တို့သည် (လက်ဝါးနှစ်ဖက်ဖြင့် မြေကိုရိုက်ပုတ်၍) မိမိတို့၏မျက်နှာနှင့် လက်များကို ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يَشْتَرُونَ الضَّلَالَةَ وَيُرِيدُونَ أَنْ تَضِلُّوا السَّبِيلَ
အသင်သည် ကျမ်းဂန်များအနက် တစ်စိတ်တစ်ဒေသကို ခြီးမြှင့်ပေးသနားတော်မူခြင်း ခံကြရကုန်သောသူတို့၏ (ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့သည် (လမ်းမှန်ကိုစွန့်၍) လမ်းမှားကို လိုက်စားကြသည်။ ၎င်းပြင် အသင်တို့လမ်းမှားခြင်းကိုလည်း လိုလားကြသည်။
وَاللَّهُ أَعْلَمُ بِأَعْدَائِكُمْ ۚ وَكَفَىٰ بِاللَّهِ وَلِيًّا وَكَفَىٰ بِاللَّهِ نَصِيرًا
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရန်သူများကို ကောင်းစွာ သိရှိတော်မူလေသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) ပြုစုစောင့်ရှောက်တော်မူသော မိတ်သဟာယအဖြစ်လည်း လုံလောက်တော်မူပေသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) ကူညီစောင်မတော်မူသော အရှင်မြတ်အဖြစ်လည်း လုံလောက်တော်မူပေသတည်း။
مِنَ الَّذِينَ هَادُوا يُحَرِّفُونَ الْكَلِمَ عَنْ مَوَاضِعِهِ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَاسْمَعْ غَيْرَ مُسْمَعٍ وَرَاعِنَا لَيًّا بِأَلْسِنَتِهِمْ وَطَعْنًا فِي الدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا سَمِعْنَا وَأَطَعْنَا وَاسْمَعْ وَانْظُرْنَا لَكَانَ خَيْرًا لَهُمْ وَأَقْوَمَ وَلَٰكِنْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ယဟူဒီဖြစ်ကြကုန်သောသူတို့အနက် အချို့သည် (ကျမ်းဂန်လာမူရင်း) စကားရပ်များကို ၎င်းတို့၏မူရင်းနေရာများမှ ရွှေ့ပြောင်းကြသည်သာမက ယင်းသူတို့သည် (အသင်နှင့် လာရောက်တွေ့ဆုံကြသောအခါများတွင်) ‘စမစ်အ်နာဝအဆွိုင်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်၊ ဂိုင်ရမွတ်စ်မအင်န်’ ဟူ၍လည်းကောင်း၊ မိမိတို့၏လျှာများကို လိပ်ခေါက်ကာ ‘ရာအိနာ’ ဟူ၍လည်းကောင်း၊ ‘ဒီန်’ သာသနာကို ပုတ်ခတ်ထိပါးစေခြင်းအားဖြင့် ပြောဆိုလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် ‘စမစ်အ်နာ၊ ဝအတွာအ်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်’၊ ‘ဝါန်ဇုရ်နာ’ ဟူ၍လည်းကောင်း၊ ပြောဆို ခဲ့ကြပါမူ၊ မချွတ်ဧကန် ထိုသူတို့အဖို့ အကောင်းဆုံးနှင့် အမှန်အကန်ဆုံးပင် ဖြစ်ခဲ့ပေအံ့။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ သွေဖည်ငြင်းပယ်မှုကြောင့်ပင် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေပြီ။ သို့ဖြစ်ပေရာ (ယင်းသူတို့အနက်မှ) အနည်းငယ်မျှသောသူတို့မှတစ်ပါး ကျန်ရှိသောသူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။

Choose other languages: