Quran Apps in many lanuages:

Surah An-Nisa Ayah #19 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا لَا يَحِلُّ لَكُمْ أَنْ تَرِثُوا النِّسَاءَ كَرْهًا ۖ وَلَا تَعْضُلُوهُنَّ لِتَذْهَبُوا بِبَعْضِ مَا آتَيْتُمُوهُنَّ إِلَّا أَنْ يَأْتِينَ بِفَاحِشَةٍ مُبَيِّنَةٍ ۚ وَعَاشِرُوهُنَّ بِالْمَعْرُوفِ ۚ فَإِنْ كَرِهْتُمُوهُنَّ فَعَسَىٰ أَنْ تَكْرَهُوا شَيْئًا وَيَجْعَلَ اللَّهُ فِيهِ خَيْرًا كَثِيرًا
အို- သက်ဝင်ယုံကြည်သူ အပေါင်းတို့။ အသင်တို့အဖို့ မိန်းမတို့အား အဓမ္မနည်းဖြင့် အမွေ (ပစ္စည်း) အဖြစ် သိမ်းပိုက်ခြင်းသည် တရားသက်ဝင်သည်မဟုတ်ပေ။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ပေးခဲ့ဖူးသော ပစ္စည်းအချို့အဝက်ကို ပြန်လည်၍ယူရန်အလို့ငှာ ထိုမိန်းမတို့အား (ထိမ်းမြားခြင်းမှ) ပိတ်ပင်တားဆီးခြင်းကိုလည်း မပြုကြလေနှင့်၊ သို့ရာတွင် ထိုမိန်းမများသည် ထင်ရှားသော စက်ဆုပ်ရွံ့ရှာဖွယ် အမှုကိစ္စကို ပြုကျင့်သည်ရှိသော် (အသင်တို့သည် ထိုမိန်းမတို့အား ထိမ်းမြားခြင်းမှ ပိတ်ပင်တားဆီးနိုင်ကြပေသည်။ ထိုမိန်းမတို့၏ ဥစ္စာပစ္စည်းကိုယူပိုင်ကြပေသည်) ။ ၎င်းပြင် အသင်တို့သည် ယင်းမိန်းမတို့နှင့် ကောင်းမွန်စွာ ဆက်ဆံကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် ထိုမိန်းမတို့ကို မနှစ်ခြိုက်ကြပါမူ (ခန္တီတရားထားရှိကြကာ သည်းခံကြလေကုန်) ။ အကြောင်းသော်ကား အသင်တို့သည် တစ်စုံတစ်ရာကို မနှစ်ခြိုက်ကြငြားလည်း အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများ၌ များစွာသော ကောင်းမြတ်ခြင်းကို ပြုလုပ်တော်မူတန်ရာ၏။

Choose other languages: