Quran Apps in many lanuages:

Surah An-Nisa Ayahs #168 Translated in Burmese

وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِنْ قَبْلُ وَرُسُلًا لَمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا
၎င်းပြင် (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်) ။ ထိုရစူလ်တမန်တော်များ၏အကြောင်း အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် ယခင်မူလက အသင်၏ရှေ့ဝယ် ပြောပြတော်မူခဲ့ဖူး၏။ ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်၊) ထိုရစူလ်တမန်တော်များ၏အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ဖေါ်ပြတော်မူခဲ့ဖူးသည်မရှိချေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) မူစာနှင့် (အထူးသဖြင့်) စကား ပြောဆိုတော်မူခဲ့လေသတည်း။
رُسُلًا مُبَشِّرِينَ وَمُنْذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
لَٰكِنِ اللَّهُ يَشْهَدُ بِمَا أَنْزَلَ إِلَيْكَ ۖ أَنْزَلَهُ بِعِلْمِهِ ۖ وَالْمَلَائِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ‘မလာအိကဟ်’ အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ قَدْ ضَلُّوا ضَلَالًا بَعِيدًا
ဧကန်စင်စစ် အကြင်သူတို့သည် (တမန်တော်မုဟမ္မဒ်သည် နဗီဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သက်သေခံအထင်အရှားရှိပါလျက်) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် အခြားသူများကို အလ္လာဟ်အရှင်မြတ်၏ (တရား) လမ်းတော်မှလည်း မြစ်တားခဲ့ကြ၏။ မလွဲဧကန် ထိုသူတို့သည် (တရားလမ်းမှန်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ရှိခဲ့ကြချေပြီ။
إِنَّ الَّذِينَ كَفَرُوا وَظَلَمُوا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ طَرِيقًا
ဧကန်စင်စစ် အကြင်သူတို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြ၏။ ၎င်းပြင် မတော်မတရားပြုမူခဲ့ကြ၏။ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်လည်း မဟုတ်ပေ။ မည်သည့်လမ်းကိုမျှ ညွှန်ကြားပြသတော်မူမည်လည်း မဟုတ်ချေ။

Choose other languages: