Quran Apps in many lanuages:

Surah An-Nisa Ayahs #152 Translated in Burmese

لَا يُحِبُّ اللَّهُ الْجَهْرَ بِالسُّوءِ مِنَ الْقَوْلِ إِلَّا مَنْ ظُلِمَ ۚ وَكَانَ اللَّهُ سَمِيعًا عَلِيمًا
အလ္လာဟ်အရှင်မြတ်သည် (သူတစ်ပါး၏) မကောင်းကြောင်း ထုတ်ဖေါ်ပြောဆိုသည်ကို နှစ်မြို့တော်မမူချေ။ သို့ရာတွင် နှိပ်စက်ညှဉ်းပန်းခြင်းခံရသောသူမှာကား (မိမိအားနှိပ်စက်သူ၏ မကောင်းကြောင်းကို ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိပေသည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူ၏ ပြောဆိုမှုကို) ကောင်းစွာ ကြားသိတော်မူသောအရှင်၊ (ညှဉ်းပန်းနှိပ်စက်သောသူ၏ အကြောင်းကိုလည်း) ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
إِنْ تُبْدُوا خَيْرًا أَوْ تُخْفُوهُ أَوْ تَعْفُوا عَنْ سُوءٍ فَإِنَّ اللَّهَ كَانَ عَفُوًّا قَدِيرًا
(ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူ၌ မိမိ မကျေမနပ်ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောဆို ညည်းညူနိုင်ခွင့်ရှိငြားလည်း) အကယ်၍ အသင်တို့သည် ကောင်းမှုတစ်စုံတစ်ရာကို ထုတ်ဖေါ်ကြပါလျှင်၊ သို့မဟုတ် ယင်းကောင်းမှုကို ဖုံးအုပ်ကြပါလျှင်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ကြပါလျှင် (ဤသည် အကောင်းဆုံးပင်တည်း။ အကြောင်းသော်ကား) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်း အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ စွမ်းဆောင်နိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။
إِنَّ الَّذِينَ يَكْفُرُونَ بِاللَّهِ وَرُسُلِهِ وَيُرِيدُونَ أَنْ يُفَرِّقُوا بَيْنَ اللَّهِ وَرُسُلِهِ وَيَقُولُونَ نُؤْمِنُ بِبَعْضٍ وَنَكْفُرُ بِبَعْضٍ وَيُرِيدُونَ أَنْ يَتَّخِذُوا بَيْنَ ذَٰلِكَ سَبِيلًا
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ငြင်းပယ်ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (အီမာန်ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိရာ၌လည်း) အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့၏စပ်ကြားတွင် ခွဲခြားလိုကြကုန်သည်။ ထိုမျှမကသေးချေ၊ ယင်းသူတို့သည် (မိမိတို့၏နှုတ်ဖြင့်) ငါတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို ယုံကြည်ကြကုန်၏။ သို့ရာတွင် အချို့ (ရစူလ်တမန်တော် များ) ကိုမူ ငြင်းပယ်ကြသည်ဟူ၍လည်း ပြောဆိုကြကုန်သည်။ ထိုမှတစ်ပါးတုံ ၎င်းတို့သည် ယင်း (‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်မှုနှင့် ‘အီမာန်’ ယုံကြည်မှု) ၏ အလယ်အကြားတ�င် နည်းလမ်းတစ်ခုကိုလည်း ပြုလုပ်လိုကြကုန်သတည်း။
أُولَٰئِكَ هُمُ الْكَافِرُونَ حَقًّا ۚ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُهِينًا
(သို့ဖြစ်ပေရာ) ထိုသူတို့သည်သာလျှင် မုချ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြကုန်၏။ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အဖို့ ဂုဏ်ရည်သေးသိမ် စေသောအပြစ်ဒဏ်ကို အဆင်သင့် ပြင်ဆင်ထားရှိတော်မူပြီး ဖြစ်ချေသတည်း။
وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ وَلَمْ يُفَرِّقُوا بَيْنَ أَحَدٍ مِنْهُمْ أُولَٰئِكَ سَوْفَ يُؤْتِيهِمْ أُجُورَهُمْ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
သို့ရာတွင် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ယုံကြည်ခဲ့ကြ၏။ (‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိရာ၌) ၎င်း၊ (‘ရစူလ်’တမန်တော်) တို့အနက် မည်သည့် (ရစူလ်တမန်တော်) တစ်ပါးကိုမျှ ခွဲခြားခြင်းကိုလည်း မပြုခဲ့ကြချေ။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်းသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးများကို မုချ ချီးမြှင့်ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)

Choose other languages: