Quran Apps in many lanuages:

Surah An-Nisa Ayahs #111 Translated in Burmese

وَلَا تُجَادِلْ عَنِ الَّذِينَ يَخْتَانُونَ أَنْفُسَهُمْ ۚ إِنَّ اللَّهَ لَا يُحِبُّ مَنْ كَانَ خَوَّانًا أَثِيمًا
ထိုမှတစ်ပါး မိမိကိုယ်ကို လိမ်လည်လှည့်ဖြားသူတို့ဘက်မှ အသင်သည် ပြောဆိုခြင်းမပြုလေနှင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့သူ၊ အလွန် ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့ကို နှစ်သက်တော်မမူချေ။
يَسْتَخْفُونَ مِنَ النَّاسِ وَلَا يَسْتَخْفُونَ مِنَ اللَّهِ وَهُوَ مَعَهُمْ إِذْ يُبَيِّتُونَ مَا لَا يَرْضَىٰ مِنَ الْقَوْلِ ۚ وَكَانَ اللَّهُ بِمَا يَعْمَلُونَ مُحِيطًا
၎င်းတို့သည် လူသားတို့ကို ရှက်ကြောက်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ကိုမူ ရှက်ကြောက်ခြင်းမရှိကြချေ။ စင်စစ် ထိုအရှင်မြတ်သည် ၎င်းတို့ ညဉ့်အချိန်၌ ထိုအရှင်မြတ် မနှစ်မြို့တော်မူသောစကားများကို လျှို့ဝှက်ကြံစည်ကြစဉ်ကလည်း ၎င်းတို့နှင့်အတူ ရှိတော်မူခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော အမှုကိစ္စအဝဝ�ို့ကိုလည်း ဝန်းခြုံလျက် ရှိတော်မူလေ၏။
هَا أَنْتُمْ هَٰؤُلَاءِ جَادَلْتُمْ عَنْهُمْ فِي الْحَيَاةِ الدُّنْيَا فَمَنْ يُجَادِلُ اللَّهَ عَنْهُمْ يَوْمَ الْقِيَامَةِ أَمْ مَنْ يَكُونُ عَلَيْهِمْ وَكِيلًا
ဟယ် (သစ္စာဖောက်တို့ကို ထောက်ခံသူအပေါင်းအပေါင်းတို့) အသင်တို့သည် ယင်းသစ္စာဖောက်တို့ဘက်မှ (ဤမျက်မှောက်) လောကီဘဝတွင် ချေဆိုလျှောက်လဲခဲ့ကြချေပြီ။ သို့ရာတွင် ရှင်ပြန်ထမည့်နေ့၌မူ ထိုသူတို့ဘက်မှ အလ္လာဟ်အရှင်မြတ်အား မည်သူသည် ချေပပြောဆိုအံ့နည်း။ သို့တည်းမဟုတ် ထိုသူတို့အတွက် ကာကွယ်ခုခံပြောဆိုမည့်သူ မည်သူရှိအံ့နည်း။
وَمَنْ يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ يَجِدِ اللَّهَ غَفُورًا رَحِيمًا
အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်အဖြစ် တွေ့ရှိရပေအံ့၊
وَمَنْ يَكْسِبْ إِثْمًا فَإِنَّمَا يَكْسِبُهُ عَلَىٰ نَفْسِهِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင် ရှာဖွေဆည်းပူးသည်သာဖြစ်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောမူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူလေ၏။

Choose other languages: