Quran Apps in many lanuages:

Surah An-Nisa Ayahs #103 Translated in Burmese

فَأُولَٰئِكَ عَسَى اللَّهُ أَنْ يَعْفُوَ عَنْهُمْ ۚ وَكَانَ اللَّهُ عَفُوًّا غَفُورًا
ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား မကြာမြင့်မီ ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَمَنْ يُهَاجِرْ فِي سَبِيلِ اللَّهِ يَجِدْ فِي الْأَرْضِ مُرَاغَمًا كَثِيرًا وَسَعَةً ۚ وَمَنْ يَخْرُجْ مِنْ بَيْتِهِ مُهَاجِرًا إِلَى اللَّهِ وَرَسُولِهِ ثُمَّ يُدْرِكْهُ الْمَوْتُ فَقَدْ وَقَعَ أَجْرُهُ عَلَى اللَّهِ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
၎င်းပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ‘ဟစ်ဂျ်ရတ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းကိုပြုအံ့။ ထိုသူသည် ကမ္ဘာမြေပြင်ဝယ် (ခိုလှုံရာ) နေရာများစွာကိုလည်းကောင်း၊ (ဘာသာသာသနာရေးအတွက်) ကျယ်ဝန်း (လွတ်လပ်) မှုကိုလည်းကောင်း တွေ့ရှိပေအံ့။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူသောနေရာ) ကို ရည်စူး၍လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (အား ကူညီခြင်း) ကို ရည်စူး၍လည်းကောင်း၊ မိမိအိမ်မှ ‘မုဟာဂျစ်ရ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသူအဖြစ် ထွက်ခဲ့ပြီးနောက် (လမ်းခရီး၌ပင်) ထိုသူ၌ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်လာ (သဖြင့် သေဆုံး) ခဲ့မူ၊ မုချဧကန် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ဖြစ်ချေပြီ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ (ရကူ)
وَإِذَا ضَرَبْتُمْ فِي الْأَرْضِ فَلَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَقْصُرُوا مِنَ الصَّلَاةِ إِنْ خِفْتُمْ أَنْ يَفْتِنَكُمُ الَّذِينَ كَفَرُوا ۚ إِنَّ الْكَافِرِينَ كَانُوا لَكُمْ عَدُوًّا مُبِينًا
၎င်းပြင် အကြင်အခါဝယ်၊ အသင်တို့သည် ကမ္ဘာမြေပြင်ဝယ် ခရီးထွက်ခဲ့ကြကုန်၏။ ထိုအခါဝယ် အသင်တို့သည် အကယ်၍ မိမိတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က ဒုက္ခပေးကြမည်ကို စိုးရိမ်ကြသည်ရှိသော်၊ အသင်တို့၌ ‘ဆွလာသ်’ ဝတ်ပြုမှုကို လျော့၍ပြုခြင်းအားဖြင့် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကား အသင်တို့၏ ထင်ရှားစွာသောရန်သူများပင် ဖြစ်ကြကုန်သတည်း။
وَإِذَا كُنْتَ فِيهِمْ فَأَقَمْتَ لَهُمُ الصَّلَاةَ فَلْتَقُمْ طَائِفَةٌ مِنْهُمْ مَعَكَ وَلْيَأْخُذُوا أَسْلِحَتَهُمْ فَإِذَا سَجَدُوا فَلْيَكُونُوا مِنْ وَرَائِكُمْ وَلْتَأْتِ طَائِفَةٌ أُخْرَىٰ لَمْ يُصَلُّوا فَلْيُصَلُّوا مَعَكَ وَلْيَأْخُذُوا حِذْرَهُمْ وَأَسْلِحَتَهُمْ ۗ وَدَّ الَّذِينَ كَفَرُوا لَوْ تَغْفُلُونَ عَنْ أَسْلِحَتِكُمْ وَأَمْتِعَتِكُمْ فَيَمِيلُونَ عَلَيْكُمْ مَيْلَةً وَاحِدَةً ۚ وَلَا جُنَاحَ عَلَيْكُمْ إِنْ كَانَ بِكُمْ أَذًى مِنْ مَطَرٍ أَوْ كُنْتُمْ مَرْضَىٰ أَنْ تَضَعُوا أَسْلِحَتَكُمْ ۖ وَخُذُوا حِذْرَكُمْ ۗ إِنَّ اللَّهَ أَعَدَّ لِلْكَافِرِينَ عَذَابًا مُهِينًا
၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ ၎င်းတို့အနက်မှ လူတစ်စုသည် (အသင်၏နောက်မှ ‘ဆွလာသ်’ ဝတ်ပြုကြရန်) အသင်နှင့်အတူ ရပ်ကြရပေမည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏လက်နက်များကိုလည်း ယူဆောင်ထားကြရပေမည်။ တစ်ဖန် ယင်းသူတို့သည် (အသင်နှင့်အတူ) ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချပြီးကြသောအခါ အသင်တို့၏နောက်သို့ ဆုတ်သွားကြရပေမည်။ ထို့နောက် ‘ဆွလာသ်’ ဝတ်မပြုကြရသေးသော အခြားသူတစ်စုသည် လာပြီးလျှင်၊ အသင်နှင့်အတူ ‘ဆွလာသ်’ ဝတ်ပြုကြရပေမည်။ ထို့ပြင် ၎င်းတို့သည်လည်း မိမိတို့၏ဘေးရန်ကို ကာကွယ်မည့်ပစ္စည်းများနှင့် လက်နက်များကို ယူဆောင်ထားကြရပေမည်။ (အကြောင်းသော်ကား) ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က အကယ်၍သာ အသင်တို့သည် မိမိတို့၏ လက်နက်များနှင့် အသုံးအ�ောင်ပစ္စည်းများကို မေ့လျော့သွားကြသော် ၎င်းတို့သည် အသင်တို့အား တစ်ဟုန်တည်း ဝင်ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြ (သောကြောင့်ဖြစ်) ပေသည်။ သို့တစေလည်း အကယ်၍သာ အသင်တို့၌ မိုးရွာသွန်းသောကြောင့် (လက်နက်များယူဆောင်ကာ ‘ဆွလာသ်’ ဝတ်ပြုကြရန်) ခဲယဉ်းမှုရှိခဲ့မူ၊ သို့တည်းမဟုတ် အသင်တို့သည် ဝေဒနာရှင်များဖြစ်ခဲ့ကြပါမူ မိမိတို့၏လက်နက်များကို ချထားခြင်းကြောင့် အသင်တို့၌ အပြစ်မရှိပြီ။ သို့သော်လည်း အသင်တို့သည် မိမိတို့အဖို့ ကာကွယ်မှုကိုမူ ပြုလုပ်၍ထားရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ကျိုးယုတ်ရှက်ရဖြစ်စေမည့် ပြစ်ဒဏ်ကို အရံသင့်ပြုထားတော်မူလေသတည်း။
فَإِذَا قَضَيْتُمُ الصَّلَاةَ فَاذْكُرُوا اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِكُمْ ۚ فَإِذَا اطْمَأْنَنْتُمْ فَأَقِيمُوا الصَّلَاةَ ۚ إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَوْقُوتًا
တစ်ဖန် အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြု၍ပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း၊ အောက်မေ့တသ သတိရရှိကြလေကုန်။ တစ်ဖန် အသင်တို့သည် ဘေးရန်ကင်းငြိမ်း၍ စိတ်ချရသောအခါ (နဂိုမူလအတိုင်း စည်းကမ်းကျနစွာဖြင့်) ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ဧကန်မလွဲ‘ဆွလာသ်’ ဝတ်ပြုမှုသည် ‘မုအ်မင်န်’ တို့အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။

Choose other languages: