Quran Apps in many lanuages:

Surah An-Naziat Ayahs #32 Translated in Burmese

رَفَعَ سَمْكَهَا فَسَوَّاهَا
ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၏ မျက်နှာကျက်ကို မြင့်စွင့်စွာပြုလုပ်တော်မူခဲ့၏။ တစ်ဖန် ယင်းမိုးကောင်းကင်ကို အပြစ်အနာ ကင်းရှင်းစွာ ပြုလုပ်တော်မူခဲ့၏။
وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَاهَا
၎င်းပြင် ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်၏ ညဉ့်ကို မှောင်မိုက်စေတော်မူခဲ့၏။ ထို့ပြင် ယင်းမိုးကောင်းကင်၏ နေ့ကိုမူကား (လင်းဝင်း) ထင်ရှားစေတော်မူခဲ့၏။
وَالْأَرْضَ بَعْدَ ذَٰلِكَ دَحَاهَا
၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မိုးကောင်းကင်ကို စနစ်တကျ ပြုပြင်တော်မူပြီးသည့်) နောက်တွင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့၏။
أَخْرَجَ مِنْهَا مَاءَهَا وَمَرْعَاهَا
ထိုအရှင်မြတ်သည် ထိုပထဝီမြေမှ ယင်းပထဝီမြေ၏ရေကိုလည်းကောင်း၊ ယင်းပထဝီမြေ၏မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံ၊ အစရှိသည်များကိုလည်းကောင်း၊ ထွက်စေတော်မူခဲ့၏။
وَالْجِبَالَ أَرْسَاهَا
၎င်းပြင် ထိုအရှင်မြတ်သည် တောင်များကို(ယင်းပထဝီမြေ၌) ကျောက်ဆူး(အဖြစ်) ချထားတော်မူခဲ့၏။

Choose other languages: