Quran Apps in many lanuages:

Surah An-Naziat Ayahs #35 Translated in Burmese

أَخْرَجَ مِنْهَا مَاءَهَا وَمَرْعَاهَا
ထိုအရှင်မြတ်သည် ထိုပထဝီမြေမှ ယင်းပထဝီမြေ၏ရေကိုလည်းကောင်း၊ ယင်းပထဝီမြေ၏မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံ၊ အစရှိသည်များကိုလည်းကောင်း၊ ထွက်စေတော်မူခဲ့၏။
وَالْجِبَالَ أَرْسَاهَا
၎င်းပြင် ထိုအရှင်မြတ်သည် တောင်များကို(ယင်းပထဝီမြေ၌) ကျောက်ဆူး(အဖြစ်) ချထားတော်မူခဲ့၏။
مَتَاعًا لَكُمْ وَلِأَنْعَامِكُمْ
အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင်တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့၏အကျိုးငှာ လည်းကောင်း။
فَإِذَا جَاءَتِ الطَّامَّةُ الْكُبْرَىٰ
အကြင်အခါဝယ် ထိုကြီးကျယ်လှစွာသော ဘေးဒုက္ခကြီးသည် ဆိုက်ရောက်လာခဲ့ပေမည်။
يَوْمَ يَتَذَكَّرُ الْإِنْسَانُ مَا سَعَىٰ
(ဝါ)အကြင်နေ့တွင် လူသားတို့သည် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့သမျှတို့ကို သတိရကြပေမည်။

Choose other languages: