Quran Apps in many lanuages:

Surah An-Naml Ayahs #90 Translated in Burmese

أَلَمْ يَرَوْا أَنَّا جَعَلْنَا اللَّيْلَ لِيَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
အသို့ပါနည်း။ ဧကန်စင်စစ် ငါအရှင်မြတ်သည် ညဉ့်ကို ထိုသူတို့ ယင်းညဉ့်၌ အနားယူကြအံ့သောငှာ လည်းကောင်း၊နေ့ကို မြင်နိုင်စွမ်းပေးသောအရာအဖြစ် လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မလွဲ ဤသည်၌ "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့(ကြီးကျယ်လှစွာသော) သက်သေလက္ခဏာများသည် အမှန်ပင်ရှိကုန်သတည်း။
وَيَوْمَ يُنْفَخُ فِي الصُّورِ فَفَزِعَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۚ وَكُلٌّ أَتَوْهُ دَاخِرِينَ
၎င်းပြင် တံပိုးခရာမှုတ်သောနေ့တွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတပါး မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ ထိတ်လန့်၍သွားကြပေမည်။ ထိုမှတစ်ပါး အားလုံးတို့သည် ဂုဏ်သိန်နိမ့်ကျလျက် ထိုအရှင်မြတ်အထံတော်သို့ ရောက်ရှိ၍လာကြကုန်အံ့။
وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ السَّحَابِ ۚ صُنْعَ اللَّهِ الَّذِي أَتْقَنَ كُلَّ شَيْءٍ ۚ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ
ထိုမှတစ်ပါး အသင်သည် တောင်များကို တွေ့မြင်လေ၏။ အသင်သည် ယင်းတောင်များကို အစိုင်အခဲများဖြစ်သည် ထင်မှတ်ပေ၏။ သို့ရာတွင်(ထိုနေ့တွင်) ယင်းတောင်များမှာ မိုးတိမ်များ လွင့်ပါးဘိသကဲ့သို့ပင် လွင့်ပါး၍ သွားပေမည်။ (ဤသည်)အရာခပ်သိမ်းတို့ကို ခိုင်ခံ့အောင်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်စွမ်းလက်စပင် ဖြစ်ပေသည်။ မလွဲဧကန် ထိုအရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှတို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا وَهُمْ مِنْ فَزَعٍ يَوْمَئِذٍ آمِنُونَ
မည်သူမဆို ကောင်းမှု(အီမာန်သက်ဝင်ယုံကြည်မှု)နှင့်တကွလာခဲ့ပါမူ ထိုသူ၏အဖို့ ထိုထက်ကောင်းမြတ် အကျိုးကျေးဇူးရှိသည့်ပြင် ၎င်းတို့သည်(ကြီးကျယ်သော)ထိတ်လန့်ခြင်းမှလည်း ကင်းလွတ်သူများပင် ဖြစ်ကြပေမည်။
وَمَنْ جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
သို့ရာတွင် မည်သူမဆို ဒုစရိုက် ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှုနှင့်တကွ ရောက်ရှိလာခဲ့မူ၊ ထိုသူတို့သည် မျက်နှာမှောက်စေလျက် မီးထဲသို့ ပစ်ချခြင်းကို ခံကြရပေမည်။ (ထို့ပြင်)အသင်တို့သည် မိမိတို့ကျင့်မူလျက် ရှိခဲ့ကြသော အပြုအမူများ၏ အစားပေးခြင်းကို ခံကြရခြင်းသာလျှင် ဖြစ်သည်ဟု(ပြောဆိုခြင်းကို ခံကြရကုန်အံ့သတည်း)။

Choose other languages: