Quran Apps in many lanuages:

Surah An-Naml Ayahs #66 Translated in Burmese

أَمَّنْ يُجِيبُ الْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ السُّوءَ وَيَجْعَلُكُمْ خُلَفَاءَ الْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قَلِيلًا مَا تَذَكَّرُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍ ထူးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ဘေးဒုက္ခကိုလည်း ဖယ်ရှားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေ၌ အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်မျှသာလျှင် စဉ်းစားကြကုန်သတည်း။
أَمَّنْ يَهْدِيكُمْ فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ وَمَنْ يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ تَعَالَى اللَّهُ عَمَّا يُشْرِكُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏ အမှောင်ထုများ၌ လမ်းညွှန်တော်မူ၏။ ထိုမှတပါး အကြင်အရှင်မြတ်သည် မိမိကရုဏာတည်းဟူသော မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ် စေလွှတ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည်ကား ၎င်းတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည်များထက် (အတိုင်းမရှိ) မြင့်မြတ်တော်မူဘိသတည်း။
أَمَّنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَمَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ
(ဤရုပ်တုများမြင့်မြတ်သလော၊) သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော၊) ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို (ပထမအကြိမ်)စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို တစ်ဖန်ထပ်မံ၍ ဖန်ဆင်းတော်မူပေသည်။ ထို့ပြင် အကြင်အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် နှင့်အတူ (အခြား)ဆည်း ကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် (ဤသည်နှင့်စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓကကို ယူဆောင်လာခဲ့ကြလေကုန်။
قُلْ لَا يَعْلَمُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ الْغَيْبَ إِلَّا اللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အကွယ်၌ရှိသော အရာများကို အလ္လာဟ်အရှင်မြတ် မှတစ်ပါး၊ မိုးကောင်းကင်��ရှိသူတို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။ ထို့အတူ မိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုလည်း ၎င်းတို့ မသိကြပေ။
بَلِ ادَّارَكَ عِلْمُهُمْ فِي الْآخِرَةِ ۚ بَلْ هُمْ فِي شَكٍّ مِنْهَا ۖ بَلْ هُمْ مِنْهَا عَمُونَ
စင်စစ်မှာကား "အာခိရတ်"တမလွန်ဘဝနှင့်စပ်လျဉ်း၍ ၎င်းတို့၏အသိပညာမှာ ပျောက်ပျက်၍သွားချေပြီ။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် ထို "အာခိရတ်" တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည်ယင်း "အာခိရတ်" တမလွန်ဘဝဘက်မှ မျက်စိကန်းနေသူများပင် ဖြစ်ကြကုန်သတည်း။

Choose other languages: